Part-23

5.1K 314 0
                                    


မိမိအခန်းထဲမှ ခြံပြင်​ကိုသွား​သော ကားအနက်​​ရောင်​ကိုမြင်​ကွင်းထဲမှ​ပျောက်​သွားသည့်​အထိကြည့်​မိသည်​။
မိမိကုတင်​​ပေါ်တွင်​ပြန်​ထိုင်​ရင်း ပြတင်းပေါက်​မှတစ်​ဆင့်​ ခြံထဲကိုအတိုင်းသားမြင်​ရ​လေသည်​။

သံစည်းကြိုးများတပ်​ဆင်​ထား​သော အုတ်​နံရံနှင့်​ သံခြံတံခါးတို့ကို ​ကျော်​လွန်​၍ ခြံပြင်​ကိုထမ်​မံမြင်​ရ​လေသည်​။ထိုအရာ​တွေက ကျွန်​​တော်​ရန်​ကုန်​ကပြန်​လာတည်းက မာမီပြုလုပ်​ထား​သောအရာ​တွေပင်​။ပုံမှန်​သမီးမိန်းခ​လေးရှိသည့်​အိမ်​​တောင်​ မာမီလိုမျိုး လုပ်​မည်​မထင်​ပါ။

၁၅ရက်​.... ၁၅ရက်​ရှိပါပြီ ရန်​ကုန်​ကပြန်​​ရောက်​တာ၁၅ရက်​ရှိ​နေ​သော်​လည်း မာမီက ကျွန်​​တော်​ကိုအပြင်​မထွက်​ခိုင်းပါ။အစားစာသည့်​အချိန်​သာ ကျွန်​​တော်​ကို​အောက်​ထပ်​ကိုဆင်းခိုင်း​လေသည်​။ အပြင်​မှ ဟိုလူနှစ်​​ယောက်​ကို​စောင့်​ခိုင်းထားကာ အခန်းထဲတွင်​ပိတ်​ထား​လေသည်​။

အိမ်​ပြန်​​ရောက်​သည့်​နှင့်​ မာမီက သူဖုန်းဆက်​တာမကိုင်​လို့ကျွန်​​တော်​ကို ​မေး​သော​ကြောင့်​ ဖုန်းက​ပျောက်​သွားသည်​ဟုသာ လိမ်​လု​က်​​လေသည်​။တကယ်​အ​ကြောင်းရင်းကို​တော့ မ​ပြောပြခဲ့ပါ အလကား​နေရင်း မာမီ ​ရောင်​နီကိုအမြင်​မကြည်​တာမျိုးမလိုချင်​ပါ။

"​မာမီ ဒီမှာထားခဲ့မယ်​ သား"

ကျွန်​​တော်​အ​တွေးလွန်​​နေတာနဲ့ မာမီအခန်းထဲဘယ်​အချိန်​​ရောက်​မှန်း​တောင်​မသိ။ မာမီက သူမလက်​ထဲတွင်​ကိုင်​လာ​သော စာအိတ်​ကို ထုံးစံအတိုင်းပဲ ကျွန်​​တော်​စားပွဲမှာထား​လေသည်​။

ဒီကိုပြန်​​ရောက်​တည်းက မာမီ​နေတိုင်းပြုမှု​နေသည့်​အလုပ်​က ကျွန်​​တော်​စားပွဲ​ပေါ်ဒီစာအိတ်​​တွေ လာတင်​ခြင်းပင်​။ရန်​ကုန်​ပြန်​​ရောက်​သည်​​နေမှစ၍ မာမီမပျက်​မကွက်​ကျွန်​​တော်​ဆီကိုလာ​ပေး​နေ​သော စာအိတ်​များဖြစ်​သည်​။မာမီ၏​ပြောပြမှု​ကြောင့်​ ထိုစာအိတ်​များကိုကျွန်​​တော်​ မဖွင့်​ကြည်​ရင်​​တောင်​ ကျွန်​​တော်​သိ​လေသည်​။

Pure love Where stories live. Discover now