Part-22

5.8K 337 15
                                    

သင်္ကြန်​အတွင်း လင်းသစ်​တို့အုပ်​စု၏​ကျေးဇူး​ကြောင့်
အနှစ်​နှစ်​အလလက အ​ကောင်းတိုင်းရှိ​နေ​သော ​ဒေါ်ဘူးညွန်​၏မီးစက်​ပျက်​သွားရသည်​။လင်းသစ်တို့က ဒါ​တောင်​ ဘကြီးဖြိုးအိမ်​က စက်​ကိုငှါးကာဖြင့်​ ​နေ့စဉ်​​သောင်းကျန်​ခဲ့​လေသည်​။အခုလည်း ​ဒေါ်ဘူးညွန့်​အိမ်​က​နေ ဘကြီးဖြိုးအိမ်​အထိ လင်းသစ်​နှင့်​တကွ ​ကျော်​စွာနှင့်​ဈာန်​အပြင်​ ရွာကကာလသားများ အတူတကွသယ်​ကြသည်​။

ခြံထဲတွင်​ သစ်​ခွပင်​များကို ချိတ်​တွဲထားသည်​။လင်းသစ်​တို့အိမ်​လိုမျိုးခြံပုံစံနှင့်​ အနည်းအိမ်​ပုံစံကွဲလွဲ​နေ​လေသည်​။အိမ်​​ရှေ့က ကွပ်​ပျစ်​တွင်​ ​ရေ​နွေးကြမ်းဗန်း​လေးကို အရန်​သင်​ထား ထား​လေသည်​။

"ဗျို့ ဘကြီးဖြိုး ဒီမှာ ကျွန်​​တော်​တို့မီးစက်​လာပို့တာဗျ...."

လင်းသစ်​က ဘကြီးဖြိုးတို့ခြံဝ​ရောက်​ပြီဆိုတာ ​​ပြော​လေသည်​။လင်းသစ်​၏​ပြောသံ​ကြောင့်​ ကျွန်​​တော်​နှင့်​လင်းသစ်​ ဘကြီးဖြိုးဆိုသူကြည့်​​သော်​လည်း မ​တွေ့။

"​အေး ငလင်း လာ ဒီ​နေရာမှာထားခဲ့......"

အမိုးပုံစံသစ်​ကိုင်းများဖြင့်​ ကွယ်​​နေသည့်​​နောက်​တွင်​ အသက်​ကြီးကြီး အမျိုးသားတစ်​​ယောက်​က ထို​နေရာမှထွက်​ကာဖြင့်​ သူ့၏အိမ်​​ပေါ်သို့တက်​ကာ ​မီးစက်​ကို ​နေရာမှထားရန်​ပြ​လေသည်​။လင်းသစ်​နှင့်​ ကာလသားများက မီးစက်​ကိုသယ်​ကာ ဘကြီးဖြိုးပြသည့်​​နေရာတွင်​မီးစက်​ကိုထား​​လေသည်​။
ကျွန်​​တော်​နှင့်​ ​ကျော်​စွာက​တော့ ကွပ်​ပျစ်​တွင်​ထိုင်​​နေလိုက်​သည်​။

မီးစက်​ချပြီးသည်​နှင့်​ ဘကြီးဖြိုးနှင့်​အတူ
အကုန်​လုံးက ကွပ်​ပျစ်​​ပေါ်တွင်​လာထိုင်​​လေသည်​။
အသက်​ကြီးသည့်​အ​လျှောက်​ ကျွန်​​တော်​အမြင်​အရ ဘကြီးဖြိုး လူငယ်​နီးပါးသွတ်​လပ်​​နေ​လေသည်​။ ဆံပင်​အနည်းငယ်​က ဖြူ​နေသလို့ ဘကြီးဖြိုး၏နှုတ်​ခမ်း​မွှေးများလည်း ဖြူ​နေသည်​။စွပ်​ကျယ်​လက်​ပြတ်​နှင့်​ ပုဆိုးအစိမ်းကွက်​ကိုဝတ်​ဆင်​ကာဖြင့်​ ကျွန်​​တော်​တို့နှင့်​အတူထိုင်​​နေ​လေသည်​။လင်းသစ်​​ပြောချက်​အရ လူပျိုကြီးဖြစ်​သည်​ကိုလည်း ကျွန်​​တော်​တို့သိထား​လေသည်​။ ​ယောကျာ်း​လေးတစ်​​ယောက်​​နေသည့်​အိမ်​ဖြစ်​​ပေမယ့်​လည်း ရှုပ်​ပွမ​နေဘဲ ပရိ​ဘောဂနှင့်​ အသုံးအ​ဆောင်​ပစ္စည်းများက သူ​နေရာနှင့်​တကွလိုက်​ဖက်​စွာတည်​ရှိ​လေသည်​။

Pure love Where stories live. Discover now