Ep 1

82.5K 2.8K 20
                                    

Zawgyi

Ep 1

ခပ်ဟဟဖွင့်ထားသောပြတင်းတံခါးမှဝင်ရောက်လာသည့်လေမှာအေးစိမ့်စိုစွတ်လျက်ရှိသည်။ အမှောင်ထုတို့ကြီးစိုးရာညခင်းမှ အလင်းတန်းတို့ဖြန့်ကျက်ပိုင်စားရာ နေ့ခင်းသို့ကူးပြောင်းလာသည့်အချိန်ဖြစ်၍ ပူနွေးသော နေရောင်ဖျော့ဖျော့သည် အနွေးဓာတ်နှင့်အတူ အခန်းထဲသို့တရိပ်ရိပ်တိုးဝင်လာသည်။ ခဏကြာသောအခါ လင်းရောင်ခြည်တို့သည် ပြာလဲ့လဲ့ ဆေးရောင်ခြယ်ထားသောအခန်းကျယ် ကြီးတစ်ခုလုံးဆီသို့ပျံ့နှံ့သွားတော့၏။ ထိုအပြာရောင်အခန်းလေးထဲတွင် မိုးမလင်းချင်သေးသူက သက္ကရာဇ်ပင်ဖြစ်သည်။

' Shit.....မိုးကလည်း လင်းတော့မယ်ကွာ...'

အကောင်းအတိုင်းလည်ပတ်နေသော သဘာဝတရားကို သက္ကရာဇ် ကျိန်ဆဲရင်း အိပ်ရာထက်၌လှဲနေရာမှ ဘေးတစ်ဖက်သို့စောင်းလိုက်သည်။ သူ၏ဘေးတွင်အိပ်နေသူကား လင်းသစ်ဖြစ်သည်။ အပြစ်ဆိုစရာမရှိသည့်မျက်လုံးကလေး ၊ မျက်ခုံးရိုးနှစ်ခုကြားမှပြေဆင်းလာကာ ထိပ်တွင်လုံးလုံးချွန်ချွန်ကလေးဖြစ်နေသည့်နှာတံသွယ်၊ အိပ်နေတာတောင်ပြုံးနေသယောင်ရှိသောနှုတ်ခမ်း၊ ဖြူသောအသားအရည် နှင့်တစ်နေ့တခြားပိုမို ကြည့်ကောင်းလာသော လင်းသစ်။ ထို လင်းသစ်ကိုကြည့်ရင်းသူ့နှုတ်ခမ်းများက အလိုအလျောက်ပြုံးမိသည်။

လွန်ခဲ့သည့်ညက အောင်စာရင်းထွက်ခဲ့သည်။ လင်းသစ် သက္ကရာဇ်နှင့် သက်တန့် သူတို့သူငယ်ချင်းသုံးယောက်စလုံးအောင်သည်။ တစ်နှစ်ပတ်လုံးစာအတူကျက် အတူဖြေခဲ့ ကြသည်မို့ ပါလာသောဂုဏ်ထူးအရေအတွက်ပင်တူသည်။ ထို့နောက်အောင်စာရင်း ကြည့်ပြီးအိမ်ကိုအကြောင်းကြားပြီးသည်နှင့် သုံးယောက်သားအောင်ပွဲခံကာ မူးအောင်သောက်ခဲ့ကြသည်။

မနေ့ကပျော်စရာကောင်းခဲ့သမျှကို သက္ကရာဇ် ပြန်တွေးရင်း ပျော်မိလျက် မျက်စိရှေ့တွင်အိပ်ပျော်နေသော လင်းသစ် ကိုကြည့်ကာ အသည်းယားလာသောကြောင့် သွေးရောင်သမ်းကာဖောင်းနေသောလင်းသစ်၏ ပါးပြင်နုနုကိုကိုမျက်စိစုံမှိတ်ပြီးအသာနမ်းလိုက်သည်။ အအိပ်ဆတ်သော လင်းသစ်သည် ကျူးကျော်ဝင်ရောက်လာသော သက္ကရာဇ်၏အနမ်းကြောင့် နိုးသွားကာအနည်းငယ်လွန့်လူးလာ၏။ လင်းသစ်မျက်လုံးကိုတစ်ချက်ပွတ်ကာ ကြည့်လိုက်လေတော့ သူရောက်နေသည်က သက္ကရာဇ်၏အခန်းဖြစ်ပြီး ဘေးတွင် သူ့အားမျက်တောင်ပင်မခတ် တည့်တည့်ကြီးကြည့်နေသူမှာ သက္ကရာဇ်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now