Epic (50)

30 0 0
                                    

Unicode

"အော် အကို့ကိုပြောဖို့မေ့နေတာ တိမ်လွှာတို့ကျောင်းက ဒီဇင်ဘာလေ့လာရေးခရီးထွက်မှာတဲ့"

တိမ်လွှာ နဲ့ အကို ညနေမုန့်ပတ်စားကြရင်း ရုတ်တရက်တိမ်လွှာစဉ်းစားမိသွားတော့ အကို့ကိုပြောလိုက်သည်

"ဟုတ်လား ဘယ်သွားရမှာလဲ ကလေးလေး"

"ဟင့်အင်း မသိသေးဘူး ကျောင်းဖွင့်မှ ပြောမှာထင်တယ် တိမ်လွှာတို့ကိုတော့ ကိုယ်သွားချင်တဲ့မြို့စဉ်းစားခိုင်းထားတယ် "

"အော်....အဲ့ဆို ရန်ကုန်လာခဲ့လေ"

"ရန်ကုန်!!......ရန်ကုန်မှာ ဘာရှိလို့လဲ အကို"

"အကိုရှိတယ်လေ"

"ရှန်!! "

"ဟုတ်တယ်လေဗျာ ကလေးလေးတို့ကျောင်းရဲ့ လေ့လာရေးခရီးအတွက် ရန်ကုန်လာရင် အက်ိုက လာတွေ့ရမှာပေါ့ ကလေးလေးကို "

"အဟင်း အကိုက ဒီလောက်အလုပ်ရှုပ်တာ။ တိမ်လွှာက ရန်ကုန်မှာ လည်ပတ်ပြီးလေ့လာစရာနေရာတွေပြောတာလေ"

"ရန်ကုန်က အခြားမြို့တွေထက် လည်ပတ်စရာတွေ အများကြီးရှိတယ်လေ ကလေးရဲ့"

"အကို လျှောက်ပြောနေတာ... / တိမ်လွှာကတော့ ရန်ကုန်မြို့ကြီးကို သိပ်မကြိုက်ပါဘူး"

သူမတို့ 8တန်းနှစ်တုန်းက လေ့လာရေးခရီးကို ရန်ကုန်သွားခဲ့တာဖြစ်သည် ။ အခြားမြို့တွေထက်စာရင် ရန်ကုန်ကို သိပ်မကြိုက်သလို

"ဘာလို့လဲ ကလေးရဲ့။  ကလေးလေးက ဘယ်မြို့ကိုကြိုက်တာလဲ "

"တိမ်လွှာက ရာသီဥတုသာယာတယ် အသီးအနှံတွေလည်းပေါတယ် ပြီးတော့ နေလို့ကောင်းတဲ့မြို့လေးကို ကြိုက်တာ "

"တောင်ကြီးလား? "

"ဟင့်အင်း တောင်ကြီးကိုလည်းကြိုက်ပေမယ့် မေမြို့ကို ပိုကြိုက်တယ်"

"အဲ့တော့ ကလေးလေးက မေမြို့မှာ နေချင်တယ်ပေါ့ "

"ဟုတ် တိမ်လွှာကျောင်းပိတ်တိုင်း မေမြို့က အမျိုးတွေဆီိကို သွားလည်တယ်လေ ....နေလို့ကို မဝဘူး"

"မေမြို့မှာလည်း ကလေးလေးတို့ ဟိုတယ်တွေရှိတာလား? "

"ဟုတ် ရှိတယ် ဖေဖေ့ဘက်က တော်တာ။ အဲ့ဘက်မှာဆိုရင် စတော်ဘယ်ရီ နဲ့ စပျစ်သီး အသီးခြံတွေထဲသွားပြီး အသီးတွေကူခူးပေးတယ် ။ သခင်တို့သုံးယောက်လည်းပါတယ်လေ ပျော်စရာကြီး "

=EqualUnde poveștirile trăiesc. Descoperă acum