Epic (32)

66 5 0
                                    

Unicode

တိမ်လွှာ ဟိုရောက်ရင် လုပ်ရမယ့်စာအုပ်ထုပ်ထားလိုက်ကာ ရေချိုးလိုက်တယ်၊ရေချိုးပြီးတာနဲ့ အိမ်နေရင်း ဂါဝန်လေးကိုဝတ်ကာ အနွေးထည်လေးပါ ထုပ်ထားလိုက်သည် ၊ ဒီနှစ်ညောင်ဦးမှာ ဆောင်းရာသီက နေ့လယ်ဆို မအေးပေမယ့် မနက်ပိုင်းနဲ့ညပိုင်းဆို ချမ်းစိမ့်နေအောင်အေးတာမို့ ညရောက်ရင် ဝတ်ရအောင် ထုပ်ထားခြင်းပင်

"အာ... ချမ်းလိုက်တာ"

နာရီကြည့်တော့ ချိန်းထားတဲ့အချိန် စောသေးတာနဲ့ တိမ်လွှာ line ပေါ်တက်ပြီး messengerထဲ ခနဝင်လိုက်တော့ အကို့accountက line ပေါ်မရှိ...စကားမပြောရတာလည်း ရက်ပိုင်းရှိနေပြီဆိုတော့ အကိုများ မအားလို့လား.....ဒါမှမဟုတ် ရည်းစားရှိနေတာလား..?ငါ့ကို playသွားတာများလား? အတွေးပေါင်းစုံဝင်ကာ အကို့accountကိုဘဲ မမှိန်မသုတ် ကြည့်နေမိဆဲ.....

တိမ်လွှာ ကြည့်နေတုန်း.......accountက activeဖြစ်သွားတာကြောင့် ပျော်သွားကာ အကိုက ရုတ်တရက် video call ခေါ်လာတော့ စိတ်လှုပ်ရှားပြီး လက်ကလှုပ်မရ စကားမပြောရတာတောင် ကြာနေပြီကို

"အားးးးကိုင်ရင် ကောင်းမလား? မကိုင်ရင် ကောင်းမလား? "

စိတ်ထဲကနေ တွေးရင်း မှန်ကို ကြည့်လိုက်ကာ နှုတ်ခမ်းနီလေးအရင် ကောက်ဆိုးလိုက်ပြီး

"အဟွင်း ဟွင်း "

ချောင်းဟန့်ပြီးမှ အသံမြည်နေဆဲ ဖုန်းကို ကိုင်လိုက်တော့ အကိုမျက်နှာရှင်းရှင်းကပေါ်လာကာ

"မအားဘူးလား ကလေးလေး"

"ရှန်!...မဟုတ်ပါဘူး ရေချိုးနေလို့ "

"ညနေကြီး ရေချိုးတာလား?  ဖျားတော့မှာဘဲ"

"ရှန်!...မ..မဖျားပါဘူး တိမ်လွှာသူငယ်ချင်းတွေနဲ့ စာကျက်သွားမို့"

"မဖျားဘူးလို့သာ ကိုယ့်ကိုပြောတယ်...ကြည့်အုံး အသံတွေတုန်ပြီးထစ်နေပြီ"

"မဟုတ်ပါဘူး "

"အကိုက သတိရနေတာ ကလေးလေး ကိုယ့်ကို စိမ်းနေတာလား "

"မဟုတ်ပါဘူး "

"ကြည့်....ဒါဘဲပြောနေတာ"

"မ.. မဟုတ်ပါဘူး"

=EqualWhere stories live. Discover now