Epic (39)

71 2 0
                                    

Unicode

ကျောင်းကိုယ်စားပြုဖြစ်တဲ့ တိမ်လွှာတို့အသင်း ပြိုင်ရမဲ့ကျောင်းထဲကို ရောက်တော့ တစ်ခြားကျောင်းကကိုယ်စားပြုအသင်း4သင်းပါ အကုန်ရောက်နေကြသည် ၊ ဆရာနဲ့ဆရာမက ရှေ့ကနေဦးဆောင်ပြီး ခေါ်သွားကာ ကျောင်းရဲ့နောက်ဖက် ဘောလုံးကွင်းကြီးထဲမှာတော့ ကိုယ့်ကျောင်းနဲ့ကိုယ် အသင်းတွေက တစ်သီးတစ်သန့်အဖွဲ့နဲ့နေကြသည်

ကျောင်းဖွင့်ရက်ဖို့ အိမ်ရှင်ဖြစ်တဲ့ကျောင်းက လာကြည့်ကြတဲ့ ကျောင်းသား/သူတွေက ပွဲတော်ကြီးလို စည်ကားကာ ဘောလုံးကွင်းနားမှာ ကျောင်းကိုယ်စားပြုအသင်းတွေကော လာကြည့်တဲ့ကျောင်းသား/သူတွေကော ကျိတ်ကျိတ်တိုးနေကြ၏။

"သမီးတို့!! ခနနေ သမီးတို့အသင်းနဲ့ ထ(1)က အသင်းနဲ့ ပြိုင်ရမှာ....အဆင်သင့်လုပ်ထားလိုက်တော့ တစ်ဖက်အသင်းကို ဘာမှကြောက်စိတ်မရှိနဲ့နော် နိုင်နိုင်ရှုံးရှုံးယှဥ်ပြိုင်ချင်းသာ အဓိကဘဲ ကြားလား အကောင်းဆုံးကြိုးစားကြ ရလဒ်က ဘာဖြစ်ဖြစ် ဆရာလက်ခံတယ် "

"ဟုတ်ကဲ့ "×all

"ကြိုးစား ငါလုပ်နိုင်တယ်လို့သာ တွေ့ထားကြ သမီးတို့ ယုံကြည်မှုအပြည့်နဲ့ လုပ်လိုက်ကြစို့ "

"ဟုတ်ကဲ့ "all

ဆရာနဲ့ဆရာမက တိမ်လွှာတို့တစ်သင်းလုံးကို အားပေးစကားပြောနေတာကို ပြိုင်ဘက်တစ်ဖက်အသင်းကလည်း သူမတို့ကို စိုက်ကြည့်ကာ လေ့လာနေသလို လုပ်နေကြသည်

"ကြိုးစားထား နှစ်ယောက်လုံး ဖိုက်တင်း"

"ဟုတ်ကဲ့ ကိုကြီးတည်တံ့"
"ဟုတ်ကဲ့ "

"သွားတော့ သူများတွေသွားနေပြီ"

တိမ်လွှာတို့အသင်းနဲ့ပြိုင်ဘက်အသင်း ကွင်းထဲဝင်ရတော့မှာမို့ တိမ်လွှာနဲ့ကြည်ဖြူလည်း နှုတ်ဆက်ကာ ထွက်လာခဲ့သည် ၊ လူအများကြီးမို့ တစ်ကြောင်း တစ်ခြားကျောင်းမို့လည်း နည်းနည်းရင်တုန်နေသလို

"ချစ်စရာလေး"

"အယ် နတ်သမီးကျလို့"

"ချစ်စရာကောင်းလိုက်တာ"

လူအုပ်ဘေးကနေ ဖြတ်သွားတော့ သူမတို့ကိုလည်ပြန်ငေးပြီး ပြုံးပြကာပြောနေတဲ့ ကျောင်းသားနဲ့ကျောင်းသူတစ်ချို့ကြောင့် တိမ်လွှာ ခေါင်းငုံ့အသိအမှတ်ပြုကာ ပြန်ပြုံးပြခဲ့လိုက်ပြီး ကြည်ဖြူနဲ့လက်တွဲပြီး ကွင်းလယ်ဝင်လာခဲ့သည်

=EqualWhere stories live. Discover now