Epic (36)

59 1 4
                                    

Unicode

"လန့်သွားတာဘဲဟာ "

"သခင်ကလည်း လုပ်လိုက်ရင် မပြောမဆို"

"အေးဟာ"

"ငါတို့ကို နှလုံးရောဂါရအောင် လုပ်နေတာ "

"ကြိုမပြောဘူးနော် "

"အေး"

တိမ်လွှာရယ် တေဇရယ် ကြည်ဖြူရယ်ကတော့ ဖုန်းချပြီးတာနဲ့ မိသခင်ကို အခဲမကျေစွာ တကျိတ်ကျိတ်ပြောနေကြ၏။

"ငါ lineတက်ကြည့်လိုက်အုံးမယ် "

တိမ်လွှာက မနက်ကတည်းက ဖုန်းမကိုင်ရသေးတာကြောင့် ဖုန်းကိုထုတ်ကာ သူမကိုစာများပို့ထားမလား ဆိုပြီး messengerထဲဝင်ကြည့်တော့.....ထင်တဲ့အတိုင်းပင် 11:30လောက်က သခင်သူမကို စာပို့ထားသည်

*ငါ့အမေခေါ်လို့ လိုက်သွားလိုက်အုံးမယ်
ခွင့်တိုင်ပေးပါနော် တိမ်လွှာ*

"သခင် ငါ့ကို စာပို့ထားတာဟ"

"ဘာ!!!!"ײ

"နင်အခုမှ သိတာလား တိမ်လွှာ"

"အေး ငါလည်း အခုမှ line တက်တာ ကြည်ဖြူ ဟီး" "

"ကောင်းရော နင်တို့ကတော့ လုပ်လိုက်ရင်..... ငါတို့နှစ်ယောက်ကို လန့်အောင်လုပ်နေတာဘဲ.....အဲ့တာ နင်ပေါ့လို့ဖြစ်တာ တိမ်လွှာ "

ကြည်ဖြူပြောတဲ့ "နင်တို့"ဆိုတာ တိမ်လွှာ၊လင်းရောင်၊သခင်ကို ဆိုလိုခြင်းဖြစ်ပြီး /ငါတို့ဆိုတာကတော့ သူမနဲ့တေဇကိုပြောတာပင်

"ငါမလန့်ပါဘူး"

"အယ် နင်ဘဲအစောနက ငါတို့နဲ့အတူတူရောပြောပြီးတော့"

"မဟုတ်ပါဘူးဟာ"

"အယ်"

ကြည်ဖြူဘာမှ ဆက်မပြောနိုင်တော့ပါ ၊ သူမက တိမ်လွှာ့ကို ပြောလိုက်မှ ကာပြောနေတဲ့ တေဇကိုလည်း တကယ်လက်လန်မိ၏။

ခနကြာတော့ ဆရာမရောက်လာကာ လူစာရင်းအရင်စစ်တော့

"နှစ်ယောက်ပျက်တာလား? "

"မဟုတ်ပါဘူး ဆရာမ.... ဆောင်းနှင်းသခင်တစ်ယောက်ဘဲပျက်တာပါ"

တိမ်လွှာနဲ့ကြည်ဖြူက သူပြော ငါပြောလုပ်နေတာနဲ့ တေဇဘဲ ဆရာမကိုပြောလိုက်၏။

=EqualWhere stories live. Discover now