Epic (4)

210 4 0
                                    

Unicode

ဂျီ....ဂျီ....
မနက်6နာရီalarmပေးထားတာမို့ အခန်းထဲက နှိုးစက်က ထမြည်နေသည်
မင်းခန့်နှိုးစက်ကိုထပိတ်ကာ မနက်စောစော ရေချိုးလိုက်သည် ၊ ရေချိုးပြီး ဆံပင်အခြောက်ခံကာ မနေ့က ရွေးထားတဲ့အက်ျီနဲ့ပုဆိုးကိုဝတ်လိုက်သည် ၊ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာပြန်ကြည့်တော့ ဘာမှမပြင်ဆင်ထားတာတောင် မြင်သူငေးရမယ့်ရုပ်မျိုး ၊
မျက်နှာကို sun cream နဲ့ white cream လိမ်းကာ ဖေဖေလက်ဆောင်ပေးထားတဲ့ အကန့်အသတ် ထုတ်ထားတဲ့ နာရီကိုဝတ်လိုက်သည်
နောက်ဆုံးအနေနဲ့ chenelကထုတ်ထားတဲ့ မင်းခန့်အကြိုက်ဆုံး ရေမွှေးကိုဆွတ်ကာ cherryသီးလေးဆီသွားဖို့ ကားသော့ယူကာ ထွက်ခဲ့လိုက်သည်
မနေ့က ကြီးကြီးကို သွားမယ့်အကြောင်းပြောပြီးသားမို့ ဒီတိုင်းထွက်လာခဲ့လိုက်သည်

____________
တိမ်လွှာတို့ မနေ့က ဘုရားသွားမယ်ပါ ပြောထားကြတာနဲ့ တစ်စုံထဲရှိတဲ့ အဖြူရောင်မြန်မာone setဂျိတ်လှိုင်းလေးတွေပါတာ ဝတ်လာခဲ့လိုက်သည်၊ အရင်ဆို ဘောင်းဘီဘဲဝတ်နေကြပေမယ့် ကားနဲ့သွားမှာဆိုတော့လည်း ထဘီဝတ်လာခဲ့ခြင်းဖြစ်သည် ၊ခါးလောက်ရှိတဲ့ဆံပင်တွေကို အောက်အဖျားလေးတွေ ခွေကောက် ကောက်ကာ နားဘေးနှစ်ဘက်က ဆံပင်နည်းနည်းလေးတွေယူကာ အနောက်က အလယ်မှာ စုပြီး အဖြူရောင်ကျောက်ကလစ်လေးနဲ့ ညှပ်ထားလိုက်တော့ အဖြူရောင်နတ်သမီးလေးအလား ၊ မျက်နှာကို မိတ်ကပ်ဖွဖွလေး လိမ်းထားတာမို့ အရင်ကထက်ပိုလှနေသလို ပြီးတာနဲ့ သူတို့အဖွဲ့ဆုံဖို့ ချိန်းထားတဲ့ နေရာဆီ ထွက်လာခဲ့လိုက်သည်

တိမ်လွှာဆိုင်ကယ်ကို ဆိုင်ဘေးက ဆိုင်ကယ်ထားတဲ့နေရာဆီထားခဲ့ကာ ရပ်စောင့်နေတဲ့ လင်းရောင်တို့အဖွဲ့ဆီ ထွက်လာခဲ့လိုက်သည်

"အိုး တိမ်လွှာလေးက ထဘီတွေနဲ့ပါလား ဒီလိုလေးဆိုတော့နင်ကပိုတောင်ချစ်ဖို့ကောင်းသွားသေးတယ် "
ကြည်ဖြူမကတော့ တိမ်လွှာပါးကို အားရပါးရဖျစ်ပြီးပြောနေသည်

"တော်တော့... မိတ်ကပ်တွေပျက်ကုန်ပြီ"

"ဟွန့် အသဲယားလို့ပါ တကယ် "
ကြည်ဖြူကတော့ ပြောလေကဲလေ

=EqualWhere stories live. Discover now