Epic (41)

46 1 4
                                    

Unicode

*ရွှီ*

ကိုယ်ပိုင်အထက်တန်းကျောင်း နဲ့ အ.ထ.က(1)တို့ရဲ့ ဒုတိယအချီပွဲဟာ အဆုံးသတ်ကိုကြိုသိနေတဲ့ အားပေးသူတွေရဲ့ ခန့်မှန်းချက်တစ်ချို့နဲ့အတူ စတင်လိုက်တော့သည်

"ဘာဘဲဖြစ်ဖြစ် ဟိုချစ်စရာကောင်းတဲ့ ကောင်မလေးတို့ကျောင်းဘဲ နိုင်မှာကို"

"အေးကွာ ငါတော့အဲ့ကောင်မလေးကို ရင်ထဲရှယ်ထိသွားပြီ"

"မင်း ရှယ်ထိလည်း ဟိုကမင်းကို  အဖတ်လုပ်မှာမဟုတ်ဘူး သူတို့က သူဌေးတွေ"

"အစောနက ရီပြသွားတယ်လေ သဘောကောင်းမယ့်ပုံဘဲ ပြီးတော့ ဘောလုံးကန်တဲ့နတ်သမီးလေးကို မကြွေတဲ့သူရှိမလား"

"ကြွေတာကေကြွကြပေါ့ကွာ တအားမျှော်လင့်ချက်ကြီးမထားနဲ့ ငါတို့နဲ့မတန်ဘူး သူတို့ကဆွေကြီးမျိုးကြီးတွေ။ ပေါင်းတဲ့သူတွေကလည်း တကယ့်သူဌေးသား၊သမီးတွေနဲ့ကြည့်ပေါင်းတာ "

"မင်းက ဒါတွေဘယ်လိုသိတာလဲ?"

"အေး ဘယ်လိုသိတာတုန်း?"

"ငါ့ ငယ်သူငယ်ချင်းတစ်ယောက်က သူတို့ကျောင်းမှာတက်တာလေ ငါတောင် သူ့ facebook accountကို ခနခန addပြီး စကားသွားပြောတာကို accountလဲ လက်မခံဘူး seenလဲမပြဘူး "

"အဲ့ကောင်မလေးaccount သိတယ်ပေါ့ လျှိုထားတာ"

"မင်းသိတယ်ပေါ့ဟုတ်လား ငါ့ကိုပေးစမ်းပါ "

"မင်းတို့တွေကို ပေးပြီးဘာလုပ်ရမှာလဲ ကြိုးစားမနေနဲ့ အချည်းနီးဘဲ"

"ဟာ လုပ်စမ်းပါကွာ မင်းကလည်း"

"သိချင်ရင် ကျောင်းဆင်းအိမ်လာခဲ့ "

"အေးးးး"׳

လူငယ်တစ်ချို့ရဲ့တီးတိုးစကားသံတွေရယ် အားပေးသံတွေရယ်က ကွင်းကို ပိုပြီးသက်ဝင်လှုပ်ရှားစေ၏

"အချောလေးတို့ကျောင်းဟေ့.!!....အချောလေးတို့ကျောင်း!!!"

"ကြိုးစား ကြိုးစား ကြိုးစား"

"ဝိုးးးးးး ဝိုးးးးးးး"

"ဝေါင်းးးးးအမေးဇင်းးးးး"

ဒီတစ်ခါတိမ်လွှာကန်လိုက်တဲ့ ဘောလုံးကလည်း တော်တော်နဲ့မြေပေါ်ပြန်မကျဘဲ အပေါ်အမြင့်ကြီးထိ မြောက်တက်သွားပြန်သည်

=EqualWhere stories live. Discover now