Epic (18)

112 3 0
                                    

Unicode

"ဗြိတိသျှအစိုးရသည် ပညာရေးစနစ်သစ် တက္ကသိုလ်အက်ဥပဒေကြမ်းကို ၁၉၂၀ ပြည့်နှစ် ဇွန်လတွင် ထုတ်ပြန်ကြေညာကာ ထိုဥပဒေကြမ်းတွင်
(၁) မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။ တက္ကသိုလ်လက်အောက်တွင် ကောလိပ်ကျောင်းတစ်ကျောင်းသာ ရှိရမည်
(၂) ကောလိပ်ကျောင်း၌ ပညာသင်လိုသူများကျောင်းအိပ် ကျောင်းစားသာ ဖြစ်ရမည်
(၃) တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိတော့ဘဲ အစိုးရကပြုလုပ်သော ဟိုက်စကူးဖိုင်နယ် ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတစ်ခုတွင် ထူးချွန်စွာ တတ်မြောက်အောင်မြင်မှ တက္ကသိုလ် ဝင်ခွင့်ရမည်
(၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာဘွဲ့တန်းတွင် တစ်ခါဖြေဆို၍ မအောင် မြင်ပါက နောက်နောင် ဖြေဆိုခွင့်မပြု
(၅) ဟိုက်စကူးဖိုင်နယ် အောင်၍ တက္ကသိုလ် သို့ ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ် များ တစ်ခါတည်းစ၍ မသင်ရသေးဘဲ တက္ကသိုလ် ပညာရပ်ကို ကောင်းမွန်စွာ လိုက် နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေရမည်
(၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်သည့်အခါ တက္ကသိုလ် ပညာများကို လိုက်နိုင်ရန် အရည်အချင်း မရှိသေးဟုဆိုလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့်ရဦးမည် မဟုတ်ဟူ၍ ပါရှိသည်နေပါသည်"

"ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကောလိပ်ကျောင်းသားများသာမက သတင်း စာများနှင့် ဂျီစီဘီအေနယ်ဒေသ အစည်းအဝေး များကပါ ဝိုင်းဝန်း၍ ကန့်ကွက်ခဲ့ကြပေမယ့် မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက်သည် တောင်းဆိုချက်များကို လျစ်လျူရှု ပြီး ထိုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ တက္ကသိုလ်အက်ဥပဒေကို အတည်ပြုကြောင်းကြေညာလိုက်သည်။ ထို့ကြောင့် ဒီဇင်ဘာ ၂ ရက်နေ့တွင် ကောလိပ်ကျောင်းသားခေါင်းများ တိုင်ပင်ဆွေးနွေး၍ ခရစ် ၁၉၂၀  ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ ၁၂၈၂ ခုနှစ် တန်းသားမှန်းလဆုတ် ၁၀ ရက်နေ့) တွင် ကိုဘဦး ၊ကိုဘခင် ၊ကိုဘရှင် စသော ကျောင်းသား (၁၁) ဦးက ဦးဆောင်၍ ကျောင်းသားများ သပိတ်တိုက်ပွဲဆင်နွှဲကြသဖြင့် ရန်ကုန်တက္ကသိုလ် အက်ဥပဒေပါ အချက် များကို ကန့်ကွက်သည့် ကျောင်းသား ကြေညာချက်ကို ကျောင်းသားခေါင်းဆောင် ကိုဘဦး ကိုယ်တိုင်လက်မှတ်ထိုး၍ သော်လည်း/ တက္ကသိုလ် အက်ဥပဒေသည် တက္ကသိုလ် ကျောင်းသားများထက် တက္ကသိုလ်ရောက်ခါနီး  အထက်တန်း ကျောင်းသားများအတွက် ပို၍ ထိခိုက်သဖြင့် အထက်တန်းကျောင်း များကပါ သပိတ်မှောက်ကြကာ တက္ကသိုလ်သပိတ်ကို တစ်တိုင်းပြည်လုံးက ဝိုင်းအုံထောက်ခံကြသည်။ ကျောင်းသားများ၏ တောင်းဆိုချက်ကို အစိုးရက လိုက်လျောသည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ရန်ကုန် တက္ကသိုလ် … လက်အောက်ခံ ကောလိပ် ကျောင်းများကို ပြန်မတက်တော့ဘဲ တက္ကသိုလ်ကို ရာသက်ပန်သပိတ်မှောက် ရန် ဆုံးဖြတ်ကြပါသည်ရှင်"

=EqualWhere stories live. Discover now