Epic (21)

95 4 0
                                    

Unicode

"မနေ့က ငါစိတ်ပေါက်လိုက်တာ တွေးရင်းတွေးရင်း ဒေါသဖြစ်တယ် "

"ကြည်ဖြူရာ အရေးမပါတဲ့သူတွေအကြောင်း ခေါင်းထဲထည့်မနေနဲ့"

မနက်ပိုင်း ကျောင်းစောရောက်နေတာနဲ့ ကျောင်းမတက်သေးခင် တိမ်လွှာရယ် ကြည်ဖြူရယ်တေဇရယ် အစာပြေစားဖို့  အောက်ဆင်းမုန့်ဝယ်ပြီးတာနဲ့ စကားပြောကာ အခန်းဆီပြန်လျှောက်လာတော့

"ဟွန့် "

သူတို့ကို မျက်စောင်းထိုးကြည့်ကာ မဲ့ရွဲ့ကာသွားတဲ့ မနေ့ကသုံးယောက်ထဲကတစ်ယောက်
တစ်ကျောင်းတည်းမှာ မတည့်တဲ့သူရှိနေတာက သူတို့အတွက်တော့ ထူးဆန်းသည် /  တိမ်လွှာသူတို့ကို ဒီလိုကျိတ်မုန်းပြီး မနာလိုနေတဲ့သူရှိနေမယ်လို့လဲ လုံးဝ မထင်ထားခဲ့  /ဘာမှထပ်ဖြစ်မနေတော့ဘဲ အခန်းဆီဘဲ တက်လာခဲ့လိုက်သည်

"အစောနကတစ်ယောက်က ထပ်နာချင်လို့ထင်တယ်"

"ထားလိုက်ပါဟာ နင်ကလည်း  "

"အေး ထပ်သွားချရအောင် ငါတို့နှစ်ယောက်"

"ဟဲ့!!! "

"ဘာလဲ တိမ်လွှာ "

"နင်က ကြည်ဖြူ့ကိုမြှောက်ပေးနေတာလား တေဇ"

"မဟုတ်ပါဘူးဟာ လုပ်သင့်တာကို လုပ်ဖို့ပြောတာပါ"

"ဘာကို လုပ်သင့်တာလဲ! မလုပ်ရဘူး နင်တို့နှစ်ယောက်လုံး! ကြည်ဖြူနင် မနေ့ကရိုက်လိုက်တာတောင် တော်တော်လွန်နေပြီ"

"ဟွန့် "

"ဟွန့်"

ကြည်ဖြူနှုတ်ခမ်းထော်တာကတော့ မိန်းကလေးမလို့ လှပါတယ် /
ကြည်ဖြူ့အတိုင်းလိုက်လုပ်တဲ့ တေဇရုပ်နဲ့ နှုတ်ခမ်းထော် တာကတော့ ဘယ်လိုမှမအပ်စပ် ၊ ဘယ်လိုရုပ်မှန်းကို မသိ!!!
____________
"လင်းရောင်ထင်နဲ့ ဆောင်းနှင်းသခင်ဘဲရှိတာလား ကျန်တဲ့သူတွေကော? "

လင်းရောင်နဲ့သခင် စာကျက်နေစဉ် အခန်းထဲကိုဝင်လာကာ သူတို့ရှေ့လျှောက်လာပြီး မျက်နှာပျက်ပျက်နဲ့ပြောတဲ့ ဆရာမကြောင့်

"ဟုတ် တိမ်လွှာတို့က စျေးတန်းဘက်မှာဆရာမ "

"မနေ့က ဘယ်လို ဖြစ်ကြတာတုန်းကွဲ့ သားတို့၊သမီးတို့"

=EqualDove le storie prendono vita. Scoprilo ora