Epic (11)

145 1 0
                                    

Unicode

စစ်လည်း ပိုက်ဆံပေးပြီးတာနဲ့ ပြန်အအမ်းတောင်မစောင့်ဘဲ ခေါင်းငုံ့ပြီး ရှက်ရှက်နဲ့ထိုင်ခုံပေါ်ကဇွတ်ထလိုက်သည် ၊

"အ..... "

ထိုင်နေတုန်းက အကောင်း ထသွားမှအကျိုးဆိုသလို ခေါင်းငုံ့ပြီးလျှောက်နေတော့ ရှေ့ကသစ်သားတိုင်ကို မမြင်ဘဲ ဝင်တိုက်တော့သည်

"ဟ"
"အယ်"

"တေဇ မင်းနာသွားသေးလား"

အနောက်ကလင်း ရောင် မေးနေမှန်းသိပေမယ့် မဖြေဘဲ ခေါင်းဘဲရမ်းကာ ဆိုင်ထဲကနေမြန်မြန်ပြေးထွက်လာလိုက်သည် ၊ဆိုင်ထဲကသူတွေကပါ  ပြုံးပြီးကြည့်နေတော့ မျက်နှာကြီးနီကာ ဆယ်ကျော်သက်အရွယ် ဇိုးတစ်ယောက်အတွက်တော့ မမေ့နိုင်တဲ့ အရှက်ကွဲမှူပင်

ဆိုင်ထဲတွင်လည်း ...

"တေဇ ရှက်သွားတာထင်တယ် မျက်နှာကြီးကိုနီလို့ "
တေဇထွက်သွားတာနဲ့ ကြည်ဖြူက ရယ်ကျဲကျဲနဲ့ပြောတော့သည်

"ငါတို့ ရီလို့များလား မသိဘူး"

"နင်က ရီနေတာကိုး... တိမ်လွှာအဲ့ဒါနင့်ကြောင့်"

"ဘာလို့လဲ လင်းရောင်... ငါတစ်ယောက်ထဲရီတာမှ မဟုတ်တာ နင်တို့လည်းရီတာဘဲ"

"နင်အရင် ဒေါက်ဖြုတ်တာ"

"ဟုတ်တယ် တိမ်လွှာ နင်အရင်ဒေါက်ဖြုတ်တာလေ"

"ငါ့ကြည့် အပြစ်ပြောနေကြတာဘဲ နင်တို့နှစ်ယောက်လုံး...နင်တို့လဲပါတာကို"

အစတုန်းက အတူတူရီပြီး အခုမှ တိမ်လွှာရီပါတယ် လာလုပ်နေတော့ တိမ်လွှာလည်း စိတ်ဆိုးမာန်ဆိုး ဆိုမိသည်

"အေးလေ ငါတို့လဲရီတာဘဲ တိမ်လွှာတစ်ယောက်ထဲရီတာမှ မဟုတ်တာ ၊ပြောမနေပါနဲ့ လာပါ...တေဇနောက်သာ လိုက်ကြရအောင် မမှီဘဲနေမယ် "

ကြားထဲကနေ သခင် ဝင်ဖြန်ဖြေတော့မှ ငြင်းခုန်နေတာ ရပ်သွားတော့သည်

"ကလေးတွေလည်း မဟုတ်တာကို ကလေးဆန်တုန်း..."

"သခင်ကလည်း သူတို့က တိမ်လွှာ့ကို မဟုတ်တာလာပြောနေတာကို "

သခင့်ပုခုံးကိုချွဲပြီးမှီကာ ပြောနေတဲ့ တိမ်လွှာက တကယ့်မြင်သူတိုင်း ချစ်စရာကောင်းတယ်လို့ သတ်မှတ်ပေးခံရသူပင်  အဲ့လိုချွဲပြီးဘဲ  သူငယ်ချင်းတွေ မိဘတွေအပေါ်  လုပ်စားနေတာပင်

=EqualWhere stories live. Discover now