Epic (14)

125 3 0
                                    

Unicode

ကြည်ဖြူလည်း ဟောပြောရမယ့် စာမရေးချင် တစ်ခါရေးရရင်လည်း A4နဲ့ ၈မျက်နှာလောက် ရေးရတာမို့ လက်ညောင်းသည် ၊အခုက ပညာရေးမှုးပါ လာမှာဖြစ်တာကြောင့် ကျောင်းဂုဏ်တက်အောင် ပိုကြိုးစားရအုံးဆိုမှာတော့ ပိုဆိုးရော့မည်
စစ်ကတော့ သူဒါလေးပြောလိုက်တာ လောင်သွားတဲ့ တိမ်လွှာ နဲ့ လင်းရောင်ကို ကြည့်ပြီးနားမလည်နိုင်..
မောင်နှမတွေ ဒီတိုင်းသတ်ကျတယ်လို့ဘဲ မှတ်လိုက်ကာ ခုံပေါ်ခေါင်းတင်ကာစောင်းပြီး ကြည့်နေလိုက်သည်
________
"ဆရာ "
"ဆရာ"

နောက်ကနေ သူနာပြုဆရာမလေးက ခေါ်နေပေမယ့် မင်းခန့်မကြား

"ဆရာ...."

"ဗျာ! အော် ဆရာမပြောပါဗျ"

"ဟုတ် round လှည့်လို့ရပါပြီ ဆရာ"

"အော် ဟုတ် သွားမယ်လေ "

မင်းခန့်နေ့လယ် 2နာရီ အလုပ်တွေအကုန်အပြီးဖြက်ကာ duty ချိန်းမှာဖြစ်တာကြောင့် duty မချိန်းခင် လူနာဆောင်တွေဘက် လှည့်ရသည်၊မင်းခန့်ရှေ့ကနေသွားတော့ သူနာပြုဆရာမလေးက ဆေးတွန်းလှည်းနဲ့ လိုက်လာကာ မနက်ကခွဲထားတဲ့ လူနာရှိတဲ့ VVIP room ထဲ အရင်ဝင်လိုက်သည်

"ဆရာမတို့ လူနာအခြေအနေစစ်ချင်လို့ပါ"

"ဟုတ်ကဲ့ လာပါ လာပါရှင့်"

အခန်းရှေ့ရောက်တော့ သူနာပြုဆရာမက တံခါးဖွင့်ကာပြောတာနဲ့ အသားဖြူဖြူဥပဒေရုပ်ကောင်းစွာ ရွှေတွေအပြည့်ဝတ်ထားတဲ့ ခန္တာကိုယ် ခပ်ပြည့်ပြည့်နဲ့ အမျိုးသမီးကြီးက ပြောသည် ၊မနေ့က မင်းခန့်လာတုန်းက မျက်လုံးစိမ်းစိမ်းကြီးတွေနဲ့ကြည့်နေပေမယ့် ဒီနေ့တော့ ဖော်ဖော်ရွှေရွှေနဲ့ပင်....

"နေရတာ ဘယ်လိုနေလဲ ဦးလေး..ခွဲထားတဲ့နေရာက ခွဲတုန်းက ထုံဆေးနဲ့ဆိုတော့ မနာပေမယ့် ထုံဆေးပျယ်သွားတော့ နည်းနည်းတော့ နာနေမယ်နော်"

"ဟုတ်ကဲ့ ဒေါက်တာ...ခွဲပြီးနည်းနည်းလောက်ကြာတော့ စနာလာတာ..အခုတော့ ကျတော် နေရတာ အဆင်ပြေပါတယ်ဒေါက်တာ "

ဦးလေးကြီးက မင်းခန့်အဖေအရွယ်လောက်ရှိပေမယ့် သားအရွယ်လောက်သာရှိတဲ့ မင်းခန့်ကို လေးလေး စားစားနဲ့ ဆက်ဆံတာမို့ အားနာလာကာ

=EqualWhere stories live. Discover now