Epic (5)

199 3 0
                                    

Unicode

"စားပြီးရင် ဆက်သွားရအောင်လေ "
အကုန်လုံး စားပြီးတာနဲ့ မင်းခန့်တို့သွားဖို့ဆက်ကြတော့သည်

"နေ့လယ် အစီအစဉ်ကကော "
လင်းရောင်မေးတာနဲ့ ကြည်ဖြူက

"balloonစီးမှာမလား"

"အေး အဲ့တာကောင်းတယ် နေမပူဘူးမလား"

"အေး"

"အကိုကော balloonစီးမှာလား"
တိမ်လွှာ ဟိုအကိုနားသွားကာ မေးလိုက်သည်

"စီးမှာပေါ့ တိမ်လွှာကကော"
"တိမ်လွှာလည်း စီးမှာလေ"

"အဟွန်း ...ဟုတ်ပါပြီဗျာ Let's go "
"Okay "

မင်းခန့်တို့ ပိုက်ဆံရှင်းကာ စီးမယ့်နေရာကို ထွက်လာခဲ့ကြသည်၊ မနက်က balloon booking ကြိုလုပ်ထားပြီးသားမို့ စီးရမယ့်နေရာရောက်တာနဲ့ အကုန်လုံးစီးဖို့ပြင်ကြတော့သည်

မင်းခန့်အရင်က balloonတစ်ခါမှ မစီးဘူးတော့ ပူဖောင်းကအဲ့လောက်ကြီးမှန်းမသိ လေဖြည့်တာကိုစောင့်ကာ ရပြီဆိုတာနဲ့ သူတို့အဖွဲ့တက်ကြတော့သည်

မိုးပျံပူဖောင်းပေါ်ရောက်တာနဲ့ လင်းရောင်နဲ့ ကြည်ဖြူဓာတ်ပုံရိုက်ပါတော့သည်

တိမ်လွှာလည်း ဖုန်းကိုထုတ်ကာ ရှုခင်းလေးတွေကို ရိုက်နေလိုက်သည်

"အကိုရိုက်ပေးရမလား"

"ရှန် ရပါတယ် "

"ကဲပါ ဒီဘက်လှည့် "
မင်းခန့်လည်း တိမ်လွှာ့ဖုန်းကို တောင်းမနေတော့ဘဲ သူ့ဖုန်းကိုဘဲ ထုတ်ကာ ရိုက်လိုက်သည်

တိမ်လွှာလည်း အကိုရိုက်ပေးမှာ ရှက်တာနဲ့ ရှုခင်းတွေကိုဘဲ လိုက်ကြည့်နေလိုက်သည်

"တိမ်လွှာလေး ဒီဘက်လှည့်လေ "

တိမ်လွှာရှက်ရှက်နဲ့ဘဲ လှည့်ကြည့်လိုက်သည်

"ချလပ်"

"ရပြီ"
မင်းခန့်လည်း ရှက်နေတဲ့ဓာတ်ပုံကို အမိအရရိုက်ထားလိုက်သည် ရှက်နေတဲ့ပုံစံလေးက ဓာတ်ပုံထဲမှာတောင် ချစ်ဖို့ကောင်းတုန်း

"အိမ်ရောက်ရင် အကို messagerကပို့လိုက်မယ်နော် "
"ဟုတ်"

တိမ်လွှာဟိုဘက်ခြမ်းကို ကြည့်လိုက်တော့ သူ့ကိုပစ်ထားကာ တစ်ယောက်ကလှည့်စီ ဓာတ်ပုံရိုက်နေတဲ့သုံးယောက် ၊ မိုးပျံပူဖောင်းက သူတို့လိုလူမများတဲ့အဖွဲ့အတွက်တော့ အကျယ်ကြီးမို့ တိမ်လွှာတို့က ဒီဘက်ခြမ်းမှာဖြစ်သည်

=EqualWhere stories live. Discover now