Epic (10)

173 3 0
                                    

Unicode

"နင်က ကြိုက်နေရတာလား....   "

"အေး.....နင်ဘယ်သူ့မှ သွားမပြောနဲ့နော် "

တိမ်လွှာ သခင့်ကို သူမကြိုက်နေတဲ့သူရှိကြောင်းပြောလိုက်ပေမယ့်  တိမ်လွှာ့အမေသိမှာကြောက်တော့ ကြိုပိတ်ရခြင်းဖြစ်သည် ၊တိမ်လွှာ့အမေက တိမ်လွှာ့ကိုအလိုလိုက်ပေမယ့် အဖေ့ကိုပါတိုင်ပြီး ရိုက်ပါက တိမ်လွှာနာတော့မယ့်အရေး ကြိုတွေးရသည်

"ဟိုသုံးကောင် ငါတို့ကိုကြည့်နေတာ..... ခနနေ သူတို့မေးတော့မှာ"

ရှေ့ကနေသွားမှာဖြင့် မသွားဘဲ သူတို့နှစ်ယောက်ကိုကြည့်ရင်း စပ်စုနေကြတဲ့သုံးယောက်ကိုကြည့်ကာသခင်ပြုံးပြီး တိမ်လွှာ့ကိုပြောလိုက်သည်

"သူတို့ကိုလည်းမပြောနဲ့ သူတို့ကမလိမ်တက်ဘူး ..ငါ့မေမေ အစ်မေးရင်ပေါ်မယ့်ဟာတွေ"

တေဇကတော့ မသိပေမယ့် လင်းရောင်နဲ့ကြည်ဖြူကတော့ လိမ်တဲ့နေရာမှာ အမှတ်ပေးရရင် 100%မှာ 5%ဘဲရမှာပင် ၊ဟိုအရင်ကလည်း သူတို့နှစ်ယောက် လိမ်တာမပီပြင်ဘဲ တစ်ယောက်တစ်မျိုးစီထွက်နေလို့ တိမ်လွှာအငေါက်ခံရဖူးတာလည်း ရှိသည် ၊ဆိုတော့ သူတို့နှစ်ယောက်သိရင် အိမ်ကမာတာမိခင်လဲ သိမှာမို့  တိမ်လွှာတို့နှစ်ယောက်ထဲဘဲသိဖို့ ဆုံးဖြတ်လိုက်သည်

"နော်... ငါတို့နှစ်ယောက်ကြားလျှို့ဝှက်ချက်အနေနဲ့ ထားပေးနော် လို့....... "

တိမ်လွှာလည်း ရေခဲတုံးသခင့်လက်ကိုကိုင်ကာ လှုပ်ယမ်းရင်း အသနားခံစွာ ပြောလိုက်သည် ၊သခင်ကအမြဲတမ်း သူငယ်ချင်းတွေကို ဦးစားပေးတက်တာမို့ အခုလည်း တိမ်လွှာပြောတာကို လက်ခံသည်

"တိမ်လွှာ လူတစ်ယောက်ကိုကြိုက်တာက ကြိုက်လို့ရတယ်.... ဒါပေမယ့် နင့်အသက်ငယ်သေးတယ်နော် အချစ်ရေးကိုဦးစားမပေးနဲ့"

"ဟုတ်ကဲ့ မမစကားကို တိမ်လွှာနားထောင်ပါ့မယ်"

"အဟင်း... အင်းပါ "
သခင်လည်း ချစ်စရာကောင်းလွန်းတဲ့သူ့ သူငယ်ချင်းမလေးကို ကြည့်ကာ ရီလိုက်သည်

"အိုကေ သူတို့ဆီသွားမယ်"

".... ကတိနော် "

"အင်း ကတိ"

=EqualWhere stories live. Discover now