Epic (2)

270 5 0
                                    

Unicode

ရောက်ရောက်ချင်း ကျောင်းရဲ့ဘေးက Linn Yaung Restaurantထဲ၀င်ကာ ဆိုင်ကယ်ရပ်လိုက်ပြီး ကျောင်းကိုမြန်မြန်ပြေးလာခဲ့လိုက်ရသည်

"တီလင်းရေ  ဆိုင်ကယ်ထားခဲ့ပြီ ၊ ကျောင်းသွားလိုက်အုံးမယ်နော်"

" သမီး ဒီနေ့အသင်းနေ့မလားနောက်ကျနေတယ်နော် "

"ဟုတ်တယ် တီလင်းအိပ်ယာထနောက်ကျနေလို့ "

"သားရောင်တောင် သမီးကို ပြန်လာစောင့်နေသေးတယ် အစောနလေးကမှ ပြန်သွားတာ"

"ဟုတ်ကဲ့ တီလင်း အဲ့ဆိုသွားပြီနော်"

"အေးအေး သမီး"

တိမ်လွှာ တီလင်းကိုပြောပြီး မြန်မြန်ထွက်လာလိုက်သည် ၊ကျောင်းဂိတ်ရှေ့ရောက်တော့.. တွေ့ပါပြီ သုံးယောက်သား တိမ်လွှာလာတာကို ဂိတ်ပေါက်မှာစောင့်နေလေရဲ့

"တိမ်လွှာမ ကျောင်းတောင်တက်တော့မယ် ရောက်လာသေးတယ်နော်"

ကျောင်းထဲ၀င်၀င်ချင်း သူငယ်ချင်းမ ကြည်ဖြူရှင်းသန့်ရဲ့အသံက နားထဲစူးကနဲ

"အိပ်ယာထနောက်ကျနေလို့ပါ ကြည့်ဖြူရ စိတ်ကြည့်ဘဲ "

"ဟဲ့..အသင်းနေ့ကို နောက်ကျမှထရလား၊အသင်းခေါင်းဆောင်ဖြစ်ပြီး ငါတို့ကတော့ နင့်အစားလုပ်လိုက်ရတာ၊ ဘုရားပန်းအိုးလဲဖို့ ပန်းကပြေး၀ယ်ရသေးတယ်"

"အေးပါလို့ ကြည့်ဖြူကလည်း နင့်အသင်းနေ့ကျရင်လည်း ငါကူလုပ်မယ်လေလို့ နော် ၊ အခုကောအကုန်လုပ်ပြီးပြီလား "
တိမ်လွှာရယ်ကျဲကျဲနဲ့ ချွဲပြီးပြောလိုက်တော့ ကြည်ဖြူမက စိတ်လျှော့သွားကာ

"ဘယ်ချိန်ရှိနေလဲကြည့်__"

"တိမ်လွှာနင့်လက်ဘာဖြစ်တာလဲ"

ဖြတ်ပြောလိုက်တဲ့ လင်းရောင်အသံကြောင့် မတ်တပ်ရပ်ရင်း စာဖတ်နေတဲ့သခင်ပါ ဘာဖြစ်တာလဲဆိုပြီးလာကြည့် သည်၊ အသားဖြူတဲ့သူမို့ ပွန်းသွားတဲ့နေရာက ရောင်နေကာ သွေးစို့နေသည်

"အော်..ဒါလား.. ဆိုင်ကယ်လဲလာတာ"

"ဘာ...! ဘယ်လိုဖြစ်တာလဲ! "
အော်ပြန်ပြီ ကြည်ဖြူရှင်းသန့်ရဲ့အသံစူးစူးနဲ့ သူ့အော်တဲ့အသံကြားရင် ကြားတဲ့သူ နှလုံးရောဂါရမယ့်ကိန်း

=EqualWhere stories live. Discover now