Epic (46)

56 2 0
                                    

Unicode

"လာကွာ ငါ့ညီတို့ ကိုယ်မျှော်နေတာ"

မင်းခန့်တို့ ပုဂံဂေါက်ကွင်းရောက်တော့ ကားပေါ်ကဆင်းတာနဲ့  B.G.Mဟိုတယ်နဲ့ balloons တွေရဲ့ ပိုင်ရှင်တဖြစ် မင်းခန့်မိတ်ဆွေအကိုက လာနှုတ်ဆက်သည်

မင်းခန့်လည်း သူ့ကလေးလေးကိုခေါ်ပြီး သတ်မှတ်ထားတဲ့ခုံလေးတွေမှာ ထိုင်စောင့်ခိုင်းကာ စကားသွားပြောသည်

"တိမ်လွှာ ဖုန်းပေး "

"အမ်း"

တိမ်လွှာနဲ့သခင်ရယ် အကို့သူငယ်ချင်းနှစ်ယောက်ရယ် ထိုင်စောင့်ကာ လာကျွေးတဲ့coffee,teaရယ် cookiesထိုင်စားနေစဉ် သခင်က ဖုန်းတောင်းတာကြောင့် ထုတ်ပေးလိုက်တော့

"ငါ ဓာတ်ပုံရိုက်ပေးမလို့.....အနွေးထည်အထူကြီးခနချွတ်ပြီး balloonsတွေ နောက်ခံထားပြီး သွားရပ်လိုက်ပါလား "

"အခုလား ?"

"အေး"

မနက်6နာရီကျော်မို့ မိုးလင်းစပြုလာပေမယ့် မြူနှင်းတွေက ကျနေတုန်းမို့ အုံ့မိုင်းနေကာ နေမထွက်သေးတာကြောင့် ရာသီဥတုကသာယာသလိုပင်......တိမ်လွှာလည်း ဂတ်(စ်)ဖြည့်နေတဲ့ balloonsတွေနောက်ခံထားပြီး ရပ်လိုက်တော့ သခင်က ဓာတ်ပုံရိုက်ပေးသည်

"ညီမလေး အကိုတို့ကိုပါ ရိုက်ပေးလို့ရမလား "

"ဟုတ်"

တိမ်လွှာရိုက်ပြီးတော့ သခင့်ကို အကို့သူငယ်ချင်းနှစ်ယောက်က အကူအညီတောင်းတာနဲ့ သခင်ရိုက်ပေးနေတာကို တိမ်လွှာမုန့်စားရင်း ထိုင်ကြည့်နေသည် ။အကို့သူငယ်ချင်းနှစ်ယောက်ကလည်း အကို့လိုဘဲ ဆရာဝန်ဖြစ်ဖို့များသည်၊ဝတ်ပုံ၊စားပုံ၊သွားပုံ၊လာပုံက "ကျတော် လူဂုဏ်ထန်အသိုင်အဝိုင်းက လူရည်လူမွန်လေးပါ"လို့ ပြောနေသလိုပင်။  ခနကြာတော့ အကိုနဲ့အတူ pilotပါရောက်လာကာ balloonစီးဖို့ လာခေါ်ပြီး စီးပုံစီးနည်းပြောပြကာ တိမ်လွှာတို့လည်း balloon တွေဆီတက်ရတော့သည် ။ကွင်းထဲမှာ အခြား balloonsတွေလည်းရှိတဲ့အပြင် တိမ်လွှာတို့စီးရတဲ့ balloonထဲမှာ နိုင်ငံခြားသားတွေပါ ပါသည်

balloonလေပေါ်တက်သွားတဲ့ပြီး ပျံသန်းနေတဲ့အချိန် အကိုနဲ့တိမ်လွှာကတော့ အောက်ကရှုခင်းတွေကို ကြည့်နေမိသည် ၊ဓာတ်ပုံရိုက်ပေးတဲ့သခင်ကတော့ တိမ်လွှာ့ဖုန်းကိုအပိုင်ယူထားပြီး ရိုက်ပေးတဲ့အပြင် အကို့သူငယ်ချင်းနှစ်ယောက်ကိုပါ ဒိုင်ခံရိုက်ပေးနေသည်

=EqualWhere stories live. Discover now