Epic (29)

102 3 0
                                    

Unicode

"လင်းရောင်ထင် ခန!! "

မုန့်စားကျောင်းဆင်းချိန် လင်းရောင်နဲ့တေဇက မုန့်ဆင်းဝယ်ပြီး အခန်းထဲပြန်လာတော့
အတန်းခေါင်းဆောင်အချင်းချင်းမို့ သူတို့နဲ့ရင်းနှီးတဲ့ Bခန်းထဲက အတန်းခေါင်းဆောင်က လှမ်းခေါ်ကာ

"အမ် အေး..!"

"မင်းတို့အခန်းထဲ မိန်းကလေးဘောလုံးအသင်းပါတယ်ဆို တိမ်လွှာမောင်ကော ပါတယ်ကြားလို့ ဆောင်းနှင်းသခင်တို့ ၊ ကြည်ဖြူရှင်းသန့်တို့ကောပါလား?"

"အေး အဲ့တာဘာဖြစ်လို့လဲ"

တေဇက အချိုရည်သောက်ရင်း ခပ်တည်တည်နဲ့မေးတော့

"ပွဲဖြစ်မှာကြောက်လို့ ငါတို့အခန်းကတော့ မပါပေမယ့် ဟိုဘက်အခန်းက မင်းတို့အခန်းကိုချောင်းနေတာ"

"ဟူးးးး အေး အဲ့တာငါသိတယ်"

လင်းရောင်ဒီအချက်ကို သေချာပေါက်မေ့လျော့နေတာပင် Cတန်းက သူတို့Aတန်းကို အခုထိမကျေနပ်သေးတာတော့ အမှန်....မထိတထိ လာရန်စရင်တောင် သူတို့ကအရေးမစိုက်လို့သာ ပြသာနာမဖြစ်တာ သူတို့သာအာရုံစိုက်နေရင် ဖြစ်ပြီးတာကြာပြီ ၊ အခုလည်း အားကစားပွဲကို ခုတုံးလုပ်ပြီး သူတို့အတန်းကို မကြေပွဲနွှဲမည့်ဟန်
တစတစကြီးသွားတဲ့  ပြသာနက အတန်းနှစ်တန်းကြားမှာ မငြိမ်းတဲ့မီးလို လေသင့်ရင်သင့်သလို တောက်လာတော့မည်

"အော် ဒါနဲ့ မင်းတို့အခန်းက အားကစားထဲပါတဲ့သူအကုန်လုံးကိုလည်း သတိပေးလိုက်အုံး ဟိုဘက်အတန်းက ကိုက်ဖို့ချောင်းနေတယ်လို့ "

"အေး ကျေးဇူးဘဲသတိပေးလို့"

"ရပါတယ်ကွာ ငါလည်း မင်းတို့ကိုပြောချင်နေတာ"

"အေး"

သူတို့နှစ်ယောက်အတန်းထဲကိုပြန်လာပြီး အတန်းထဲကသူတစ်ချို့ကို ဒီအကြောင်းပြောတော့ အကုန်လုံးက တညီတညွှတ်တည်း ပွဲတိုင်း နိုင်စေရမယ်ဆိုပြီး ကျိန်းနေကြသည် ၊ ကိုယ့်အတန်းသားအချင်းသာ မတည့်ရင်မတည့်မယ် အတန်းထဲကသူဘယ်သူ့ကိုယ်မဆို လာထိရင်တော့ တစ်ယောက်မှလက်မခံ
တိမ်လွှာ့ကို သေချာသတိပေးပေမယ့် အဆင်ပြေပါတယ်ဆိုတာကလွဲပြီး ပြောမရ

=EqualWhere stories live. Discover now