Epic (7)

168 4 0
                                    

Unicode

"တိမ်လွှာ"
"ဟဲ့......တိမ်လွှာ"
"ဟဲ့..... ဟဲ့.... "

"ဟမ်....ဘာလဲ .. "

လင်းရောင်နဲ့ကြည်ဖြူနှစ်ယောက်လုံးခေါ်တာကို မကြားဘဲ သုံးခါလောက်ခေါ်မှ ပြာပြာသလဲထူးတဲ့ တိမ်လွှာတစ်ယောက် အစောနက ပြုံးပြုံးလေးနဲ့ တွေးနေတာဖြစ်သည်၊

တကယ်တော့ တိမ်လွှာမနေ့ညက အကိုနဲ့ စကားပြောဖြစ်တာကို ပြန်တွေးပြီး ပျော်နေတာဖြစ်သည် ၊ အကိုက တိမ်လွှာ့ကို အရင်ဆို တိမ်လွှာလို့ခေါ် ပေမယ့် မနေ့ညက "စောစောအိပ်ကလေး"တဲ့

"ဟဲ့ နင့်ကို ဆရာမကြည့်နေတယ်လို့ "

"ဟမ်"
ကြည်ဖြူတိုးတိုးလေး ပြောမှ ထပ်တွေးနေတဲ့တိမ်လွှာရှေ့ကိုကြည့်လိုက်တော့ bioဆရာမက တိမ်လွှာ့ကို ကြည့်နေသည်

"အဟမ်း "
တိမ်လွှာလည်း ခပ်တည်တည်နဲ့ချောင်းဟန့်လိုက်ကာ စာကိုကြည့်နေလိုက်သည် ၊ စာကြည့်နေရင်း အကိုခေါ်တာကိုတွေးမိတော့  အမှတ်မရှိပြုံးမိပြန်သည်
အကိုရန်ကုန်ပြန်သွားပြီးကတည်းက တိမ်လွှာတို့ မကြာခဏ lineပေါ်မှာ စကားပြောဖြစ်သည် ၊ အရင်လို မစိမ်းတော့ပေမယ့် သူ့အကြောင်းကိုယ်သိ ၊ကိုယ့်အကြောင်းသူသိနဲ့ ရင်းနှီးလာကြတာ ဖြစ်သည်

"တောင်..... တောင်... "
"ကဲ နှုတ်ဆက်မယ်"
မုန့်စားကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ ဆရာမက စာအုပ်ယူပြီး နှုတ်ဆက်ဖို့ပြောတာနဲ့ တစ်တန်းလုံးထကာ နှုတ်ဆက်ကြသည်

"ကျေးဇူးတင်ပါတယ် ဆရာမ"

ဆရာမကိုနှုတ်ဆက်ပြီး ဆရာမက အရင်ဆုံးအခန်းထဲကထွက်သွားတာနဲ့တစ်ပြိုင်နက်တစ်ခန်းလုံး ဆူညံသွားတော့သည် ၊တိမ်လွှာတို့Grade-11(A) အတန်းက ဒုတိယထပ်အခန်းဖြစ်တာကြောင့် မုန့်စားကျောင်းဆင်းချိန် အောက်ဆင်းဝယ်ရတာဖြစ်သည်

"နင်တို့အောက်ဆင်းအုန်းမှာလား"

"အေး ဆင်းမှာ"
"အေး"
လင်းရောင်အမေးကို တိမ်လွှာနဲ့ကြည်ဖြူဖြေကာ မုန့်ဝယ်ဖို့ ပိုက်ဆံယူကြတော့သည်

"နင်ကော လိုက်မှာလားသခင်"

"ရုံးခန်းတော့လိုက်ခဲ့မယ်လေ "

=EqualOnde histórias criam vida. Descubra agora