Epic(48)

71 4 1
                                    

Unicode

"စားလို့ကောအဆင်ပြေကြလား ငါ့ညီတို့....ညီမလေးတို့ကော"

"ကောင်းတာထက်ပိုတာပေါ့ အကိုဗျ ။ နော့်.... စစ်သွေး"

"ဟမ်!  ပြည့်စုံ......အမ်း ဟုတ်တယ်ဗျာ့"

"နောက်တစ်ခေါက်လာဖြစ်ရင်လည်း ကိုယ့်ဆီကိုဝင်လာခဲ့ကြပါအုံးကွာ "

"ဟုတ်ပါပြီဗျ နှုတ်ဆက်တယ်အကို"

ထိုအကိုမှ စစ်သွေးနဲ့ပြည့်စုံကို နှုတ်ဆက်ပြီးတော့ ကားနားလေးထိ လိုက်ပို့ပြီး မင်းခန့်ပုခုံးကိုပုတ်ကာ ပြောတာနဲ့ သူလည်း ကားထဲဝင်ခါနီးနှုတ်ဆက်နေရသည်

ထိုအကိုကတော့ ကျေးဇူးရှင်ရဲ့ သားမို့ မင်းခန့်တို့ကို ဧည့်ဝတ်ကျေပွန်ချင်ဟန်

"ဟုတ်ပါပြီ ညီရေ ကောင်းကောင်းလည်ပတ်ကြပေါ့ အဲ့ဆိုလည်း သွားကြတော့နော် အကုန်လုံး"

"ဟုတ်ကဲ့ အကို "
"ဟုတ်ကဲ့ဗျ"

သူတို့အကုန်လုံးကိုကြည့်ပြီး နှုတ်ဆက်ကာ ရီပြနေတာနဲ့ အကို့သူငယ်ချင်းနှစ်ယောက်က နှူတ်ဆက်သလို တိမ်လွှာလည်း သခင်နဲ့အတူ ကားခေါင်းထဲကနေ လက်ပြကာ ကောင်းကောင်းနှုတ်ဆက်လိုက်သည်

"ဟုတ်ကဲ့ ဦးလေး "
"ဟုတ်ကဲ့ "

"ဒီဘက်ရောက်ဖြစ်ရင် ကိုယ့်ဆီ အယ် ညီမလေးတို့ခေါ်သလို ဦးလေးဆီပေါ့..... "

"အဟွင်း "
"ဟီး ဟီး"

ထိုဦးလေးရဲ့အပြောကြောင့် တိမ်လွှာသဘောတကျ ရီမိတော့ သခင်ကလည်း သူမကိုကြည့်ပြီး လိုက်ရီသည်

"လာလည်ခဲ့ကြအုံးနော် ဦးလေးပေးတဲ့ကဒ်နဲ့ဆို free ဘဲ "

"ဟုတ်ကဲ့ "ײ

နှုတ်ဆက်တာပြီးသွားတော့ သူတို့တွေလည်း ခရီးဆက်ရတော့သည်။

"ကိုယ်တို့ ဘယ်ကိုအရင်သွားမလဲ ကလေး"

"ဘုရားအရင်ဖူးမယ်လေ"

"ဟုတ်ပါပြီခင်ဗျ ကိုယ့်ကလေးလေး ကိုယ့်ကိုလမ်းပြပါအုံး"

"yes "

"အဟွင်း "

ဗိုက်ဖြည့်ပြီးပြီဆိုတော့ တိမ်လွှာကတော့ အကိုနဲ့ ဒုတိယအကြိမ် ခရီးသွားဖို့ကို တက်ကြွနေသည် ၊ပထမအကြိမ်က အကိုဆိုတဲ့ အနှီလူသားနဲ့ပထမဆုံးရင်းနှီးတဲ့အချိန်......ပထမဆုံးဆိုတဲ့အကြိမ်မှာ...မင်းခန့်ထည်ဝါဆိုတဲ့ ရန်ကုန်သား ဆရာဝန်ချောချောလေးအဖြစ် စတင် ခင်မင်သိခဲ့ရပေမယ့် အခုဒုတိယအကြိမ်မှာတော့ အကိုနဲ့ ရင်းနှီးပြီးမှထွက်ရတဲ့ ခရီးဖြစ်တာကြောင့်.....ဒီတစ်ခါ တိမ်လွှာ့အပေါ် အရမ်းကြင်နာတက်တဲ့အကို ဂရုစိုက်တက်တဲ့အကို တိမ်လွှာချစ်ရတဲ့အကိုနဲ့ ထွက်ရတဲ့ခရီးပင်

=EqualWhere stories live. Discover now