Epic (9)

143 2 0
                                    

Unicode

"ဟဲ့ တိမ်လွှာ ထူးဆန်းနေသလိုဘဲနော် "

" အေး အရင်တစ်ခေါက်ကလည်း ကြက်ကြော်ကြည့်ပြီးရီနေရတာနဲ့ တစ်ယောက်ထဲကျိတ်ပြုံးနေရတာနဲ့ "

"ရည်းစားရနေတာများလား"

"ကြက်ကြော်ကြည့်ပြီးရီတာနဲ့ ရည်းစားရတာနဲ့ ဘာဆိုင်လို့တုန်း "

"မဟုတ်ဘူးလေဟာ ရည်းစားရှိရင် ကိုယ့်ရည်းစားအကြောင်းတွေးမိတဲ့အချိန် လူတွေက ပြုံးတက်ကြတယ််တဲ့"

"နင့်ဘယ်သူပြောတုန်း"

"line ပေါ်မှာ စာအတိုလေးတွေတွေ့တာလေ"

"ဟုတ်လို့လား"

"အေး... တကယ်မှန်တယ်တဲ့"

လင်းရောင်နဲ့ကြည်ဖြူနှစ်ယောက်ကတော့ စာကြည့် တိုက်ဆီသွားနေကြရင်း တိမ်လွှာ့အကြောင်းပြောနေတော့သည် ၊ တိမ်လွှာက သူတို့4ယောက်ကိုမစောင့်ဘဲ ရှေ့ကနေ ဒုံးပျံလို အလျှင်နဲ့မြန်မြန်ပြေးနှင့်တာမို့ နောက်ကနေ ပြောရင်း လိပ်လိုလိုက်နေကြသည်

"တိမ်လွှာမောင်က ရည်းစားရှိတာလား"

တေဇက ကျောင်းပြောင်းလာကထဲက သူတို့အဖွဲ့နဲ့ဘဲပေါင်းတာမို့ အကုန်လုံးအကြောင်းလဲသိနေကာ သူငယ်ချင်းလည်းဖြစ်နေပြီဖြစ်သည် ၊အခုလည်း တိမ်လွှာ့အကြောင်းပြောနေတဲ့ လင်းရောင်နဲ့ကြည်ဖြူ့လေဝိုင်းထဲ တေဇပါပါလာတော့သည်

"မဟုတ်လောက်ပါဘူး သူရည်းစားရှိရင်တောင် ငါတို့ကို အသိပေးမှာ"

သခင်ကပါ ဝင်ပြောတာမို့

"ဒါပေမယ့် အခုတလော တိမ်လွှာထူးဆန်းနေတယ်လေ.......နင်ဘဲ စဉ်းစားကြည့်ဟာ သူကအရင်က အဲ့လိုမှမဟုတ်တာ နည်းနည်းတော့ လွဲနေသလိုဘဲ"

"ငါတို့အသက်လည်း ငယ်ပါသေးတယ် စာလေ့လာရမယ့်အရွယ်မှာ စာသင်တာအကောင်းဆုံးဘဲ ကျန်တဲ့ကိစ္စတွေ ခေါင်းထဲမထားသင့်ဘူး"

"အဲ့တာ တိမ်လွှာ့ကို သွားပြောရမှာ သခင်ရ"

ဟုတ်တော့ ဟုတ်သည် ၊ တိမ်လွှာက အခုတလော ထူးဆန်းနေသည် ၊စာသင်ချိန်တွေမှာ တစ်ယောက်ထဲကျိတ်ပြုံးတက်သလို တခါတလေ ဖုန်းကြည့်နေချိန် အနီးနားကပ်ခေါ်နေတာကို မကြား ဖုန်းထဲပဲအာရုံရောက်နေတက်သည်၊တိမ်လွှာ့ကို ရည်းစားထားနေတာလား သခင် သေချာမေးရမည် ၊တိမ်လွှာက ငယ်ငယ်လေးနဲ့ရည်းစားထားမှာမဟုတ်တာတော့ သခင်ယုံကြည်ပေမယ့် တိကျတဲ့အဖြေကိုတော့ လိုချင်သည်

=EqualWhere stories live. Discover now