Epic (26)

103 4 0
                                    

Unicode

မင်းခန့်နဲ့စစ်သွေး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ချက်ချင်းခြေထောက်ကို မော်တာတက်ကာ  VIP Room ဘက်ပြေးတော့သည်

"ဒုန်းးး "

"တောက်..."

"ဟာကွာ အရေးထဲမှ "

ဓာတ်လှေကားက ဖွင့်မရတာကြောင့် မင်းခန့် မပွင့်လာတဲ့ ဓာတ်လှေကားခလုပ်ကိုဘဲ ဆက်တိုက်နှိပ်နေစဥ်

"မင်းခန့် ဒီဘက် ဒီဘက် မြန်မြန်"

စစ်သွေးက လှေကားကိုတက်ကာ ပြေးတော့ မင်းခန့်လည်း   မြန်မြန်ပြေးလိုက်ရသည် / နောက်ကနေ nurseမလေးတွေက သူတို့ကို အော်ခေါ်မေးနေတာကို ပြန်ဖြေကြားမရဘဲ အပေါ်ထပ်ကိုမြန်မြန်ရောက်ဖို့သာ တွေးပြီးပြေးနေ၏ ၊ သူတို့ပြေးလာတဲ့အသံကြောင့် လူနာစောင့်တစ်ချို့ကလည်း ထွက်လာကာ သူတို့ကို ကွက်ကြည့်နေသည် / အခုလောလောဆယ်တော့ ဘာကိုမှ ဂရုမစိုက်အား အဓိကသူတို့ဆေးရုံမှာတက်နေတဲ့ ခရိုနီပုဂ္ဂိုလ်သာ တစ်ခုခုဖြစ်သွားလျှင် သွားပြီ......

"ဒုန်း"

အခန်းရှေ့ရောက်တာနဲ့ အရှိန်သပ်ကာ လော့မခတ်ထားတာကြောင့် တံခါးကိုဖွင့်လိုက်တော့....လူနာဦးလေးကကုတင်ပေါ်မှာလှဲနေကာ အန်တီက အမဲရောင်ဝတ်စုံနဲ့လူအရှေ့မှာ ကာရပ်နေတာကြောင့်

"ဘုန်းးး "

"ခွပ်...ခွပ်."

မင်းခန့်လည်း ချက်ချင်းပြေးသွားကာ အမဲရောင်နဲ့လူရဲ့ ကော်လံကိုဆွဲပြီး ထိုးလိုက်တော့ အနောက်ကိုလက်ထောက်ကာ လဲကျသွားသည်

"ဒုတ်..."

"အွတ် အ.. "

တစ်ဆက်တည်း စစ်သွေးကပါ လက်ကိုချုပ်ပြီး နံရံကိုအဲ့လူမျက်နှာမူကာ ဆွဲကပ်လိုက်တော့ အမဲရောင်ဝတ်စုံနဲ့လူဘက်က အသံထွက်လာပြီး

"ဂျောက်"

"ဟင်"

စစ်သွေးရဲ့အသံကြောင့် မင်းခန့်လည်း စစ်သွေးနဲ့ဟိုလူကို ကြည့်လိုက်တော့ စစ်သွေးချုပ်ထားတဲ့ကြားထဲက စစ်သွေးဗိုက်ကိုလက်နောက်ပြန်ထောက်ထားတာက pistol(ပစ္စတို)တစ်လက်/ စစ်သွေးကလည်း ကျောက်ရုပ်တစ်ရုပ်လို ချုပ်ထားမြဲ ရပ်နေသည်
အရာအားလုံး 3စက္ကန့်လောက် တိတ်ဆိတ်သွားပြီး..

=EqualWhere stories live. Discover now