Epic (19)

124 4 2
                                    

Unicode

"ဦးဖိုးကျားဟာ ၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီးက ပေါက်ဖွားခဲ့သော မျိုးချစ်စာပေပညာရှင်ကြီးတစ်ဦး ဖြစ်ပါတယ်  ဦးဖိုးကျားကို ၁၈၉၀ ပြည့်နှစ် (မြန်မာနှစ် ၁၂၅၂ခု တန်ခူးလပြည့် တနင်္လာနေ့)မှာ ဖွားမြင်ခဲ့ပြီး မိဘနှစ်ပါးကတော့ ပရိက္ခရာကုန်သည် ဦးဖေ ၊ ဒေါ်ဒေါင်း ဖြစ်ပါတယ် မွေးချင်း လေးယောက်အနက် အငယ်ဆုံးသား ဖြစ်ပြီး ပထမဦးစွာ ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီး ကျောင်းမှာ ပညာစတင် သင်ကြားခဲ့ပါတယ်။အင်္ဂလိပ် -မြန်မာ ဆယ်တန်းကို ပုသိမ်မြို့ တိုင်တစ်ရာ (စကော ကရင်) ကျောင်းမှာ အောင်မြင်ခဲ့သူလည်း ဖြစ်ပါတယ်၊ ဆင်းရဲတဲ့ မိသားစုက ဆင်းသက်လာသူဖြစ်တဲ့အတွက် ကျောင်းရိတ်မတက်နိုင်လို့ ကျောင်းနေရင်းအလုပ် လုပ်ခဲ့ရသူ ဖြစ်ပါတယ်

၁၉၁၇ ခုနှစ်မှာ ရန်ကုန် ဂျပ်ဆင် (ယုဒသန်)ကောလိပ်ကို ရောက်ရှိပြီး ပညာသင်ကြားခဲ့ပါတယ်။ ရိုးရိုးကုတ်ကုတ်နေပြီး စာကို ကြိုးစားသူ တစ်ဦး ဖြစ်သလို မြန်မာရိုးရာ သျှောင်တုံးကို ဆက်လက်ထိန်းသိမ်တဲ့သူလည်း ဖြစ်ပါတယ် ၊ ခေါင်းပေါင်း ကို ပတ်ပေါင်း ပေါင်ပြီး ပင်နီရင်ဖုံးတိုက်ပုံ အက်ျီ ၊ ယော လုံချည်တို့ကို အမြဲတမ်း ဝတ်ဆင်လေ့ရှိပါတယ်။ အရပ်အမောင်း ကောင်းကောင်းနဲ့ ဥပဓိရုပ်ကောင်းသူ ဖြစ်ပြီး စကားပြောလည်း အလွန်ကောင်း ပါတယ်

ကျောင်းစာနဲ့သာ မတင်းတိမ်ဘဲ..မြန်မာရာဇဝင်နဲ့ မြန်မာစာပေကို အထူ လေ့လာလိုက်စားသူ ဖြစ်ပါတယ်။ပြင်ပ ပညာရှင်များထံမှာ ဆည်းကပ်ပြီး စာပေ များကို လေ့လာဆည်းပူးခဲ့ပါတယ်။မစ္စတာ မောင်မှိုင်းဘွဲ့ခံ ဆရာလွန်းလို့ခေါ်တဲ့ (ဆရာကြီး သခင်ကိုယ်တော်မှိုင်း) ရဲ့ တပည့်ရင်း တစ်ဦးလည်း ဖြစ်ပါတယ်ရှင်

၁၉၂၀ ပြည့်နှစ် ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာတဲ့အခါ ဦးဖိုးကျားဟာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက် ဖြစ်လာခဲ့ပါတယ် ဦဖိုးကျားရဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ သူရသတ္တိကို ဆရာကြီး သခင်ကိုယ်တော် မှိုင်းက လွန်စွာအားရနှစ်သက်ပါတယ်။ဒါကြောင့် ဆရာကြီးရဲ့ဘွိုင်ကောက်ဋီကာ ကြီးထဲမှာ -
“တိတ်နိမိတ်ပေတင်…….
တကြိတ်ကြိတ်ကယ်နှင့်
လိပ်နှစ်လိပ်မှောက် သဟာမှာ
ကျောက်စာတောင် ထိုးလောက်ကဲ့လေး
အမျိုးသားရယ်တို့
အကျိုးများအောင်တဲ့
ဖိုးကျားတို့အပေါက်ရှာသည်
အမှောက်မှာ ဗိုလ်စွဲပေါ့လေး"  ဟု ရေးဖွဲ့ခဲ့ပါတယ်

=EqualWhere stories live. Discover now