Chapter 136

Mulai dari awal
                                    

"ရှေးသင်္ချိုင်းထဲ ဝင်သွားတဲ့ အားဖူက အစ်ကို့ဆီက ပိုစ့်တင်မှပဲ ပေါ်လာတော့တယ်၊ သတင်းထူးမှပဲ သူပေါ်လာတယ်"

ဖူဆောရီးက စာပြန်သည်။

"အားဖူဘဝက သနားစရာ ဖြစ်နေတယ်၊ အလုပ်များလွန်းလို့ ဖုန်းဆော့ဖို့တောင် အချိန်မရှိဘူး၊ ဇွန်လကျရင် ပြန်လာခဲ့ပါမယ်.. အားလုံးပဲ ငါ့ကို စောင့်နေ!!"

လျန်ရှောင်ထန်သည်မူ သူမ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် ပြင်ဆင်နေကြောင်း သိရှိထားကာ သီးသန့်မက်ဆေ့ချ်ပို့လာပြီး သူမအား တိုက်တွန်းသည်။

"weibo ပေါ် လျှောက်ကြည့်နေတာ ရပ်ပြီး မေးခွန်းဟောင်း မြန်မြန်သွားဖြေတော့!!"

ရှန့်ချောင် - "........"

ဤလေးနက်ပြင်းထန်သည့် လေထုကြားတွင် စာမေးပွဲဖြေဆိုရမည့်နေ့ရက်ကား တစ်ရက်ပြီး တစ်ရက် နီးကပ်လာသည်။ စီနီယာအထက်တန်းကျောင်းသားများ အားလပ်ရက်ရနေချိန်တွင် ပေ့မင်းဖန်သည်လည်း ရှန့်ချောင်အား သူမ စာမေးပွဲဖြေဆိုရမည့် မြို့သို့ ခေါ်ဆောင်သွားသည်။

ခရီးစဉ်အား မထွက်ခွါခင် တရားဝင်ကြေညာထားခဲ့သည်။ လေဆိပ်သို့ ရောက်ရှိချိန်တွင် သူမအား လိုက်ပို့သည့် ချောင်ဖန်များက 'တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ကြိုးစားထား' ၊ 'ချောင်ချောင် ကြိုးစားထား' နှင့် 'အမှတ်ပြည့်ဆိုတာ အိပ်မက်မဟုတ်ဘူး' စသည့် ဆိုင်းဘုတ်များအား ကိုင်ဆောင်ထားကြသည်။

ဖြတ်သွားဖြတ်လာဖန်များက

"ဒီကုမ္ပဏီက ဘယ်နာမည်ကြီးက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေမလို့လဲ?"

အထက်တန်းစီနီယာကျောင်းသားများမှာ အားလပ်ရက် ရနေသည်ဖြစ်ရာ သူတို့အား လိုက်လံပို့ဆောင်နိုင်သည်။ သူတို့က လူအုပ်ကြားထဲမှ အော်ဟစ်လာကြသည်။

"ချောင်ချောင် စာမေးပွဲခန်းထဲမှာ တွေ့ကြမယ်!!! ငါတို့ကို မရှုံးစေနဲ့!!"

ရှန့်ချောင် - "ငါ့ဖန်တွေနဲ့ စာမေးပွဲတူတူဖြေရတာ ဖိအားများလိုက်တာ!"

တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမတိုင်ခင် တစ်ရက်အလိုတွင် ပေ့မင်းဖန်က သူမအား ခေါ်ကာ စာမေးပွဲအခန်း သွားရောက်ကြည့်ရှုခြင်းက အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ စာမေးပွဲဖြေရမည့်နေ့တွင် ရုတ်တရက် ရောက်ရှိလာခြင်းက ဖြေဆိုမည့်သူများအပေါ် သက်ရောက်မှုရှိမည်ကို ရှန့်ချောင်က စိုးရိမ်သည်။ ထိုနေ့တွင် သူမက ဦးထုပ်မဆောင်း၊ Mask မတပ်ပဲ ရောက်ရှိသွားကာ ဖြေဆိုသူများအား စိတ်တိုင်းကျ မြင်တွေ့စေသည်။

GTKWF (Myanmar Translation )Tempat cerita menjadi hidup. Temukan sekarang