[တကယ်ပဲ မတွဲကြသေးဘူးလား?]

ခန်းမအပြင်ဘက်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုအား ကြည့်ရှုနေသည့် ရှီးကွမ်းများက အသံထွက်၍ ငိုလာကြသည်။ ငိုနေရင်းဖြင့် ကောလဟလများအား ငြင်းဆန်ရန် မမေ့။

[ဖန်ဆိုတာ ဒီလိုပဲ၊ ဒါက အိုင်ဒေါလ်တွေအပေါ် ထားတဲ့ ဖန်တစ်ယောက်ရဲ့ မေတ္တာပဲ၊ သူတို့က တွဲနေတာ မဟုတ်ဘူး၊ ဒီလိုသန့်ရှင်းစင်ကြယ်တဲ့ အိုင်ဒေါလ်နဲ့ ဖန်ကြားက ဆက်ဆံရေးကို အရောင်မဆိုးပါနဲ့!]

နက်တစ်ဇင် - [ဒီလို မိန်းမလှလေးက နေ့တိုင်း ဒီလိုအကြည့်တွေနဲ့ စိုက်ကြည့်နေတာကို နင်တို့အိုင်ဒေါလ်က ဖြားယောင်းမခံရမှာ ကျိန်းသေလား?]

ရှီးကွမ်းများ - [........ ငါ..]

ဟော့ရှီးက ကျေးဇူးတင်စကား ပြောပြီးသည်နှင့် ပွဲလာပရိသတ်များ၏ လက်ခုပ်သံများအကြားတွင် စတိတ်စင်ပေါ်မှ ဆင်းလာကာ ရှန့်ချောင် ဘေးသို့ လျှောက်လာပြီး ဝင်ထိုင်သည်။ နှစ်ဦးသား အချင်းချင်း ကြည့်၍ ပြုံးလိုက်သည်။ ထိုမြင်ကွင်းကြောင့် ဟော့ရှန့်အဖွဲ့မှာ စာလုံးရေ တစ်သိန်းရှိသည့် အက်ဆေးတစ်ပုဒ်ရေးလိုက်နိုင်သည်။

အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုအား ကြေညာပြီးနောက် ဆက်လက်ကြေညာမည်မှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုဖြစ်သည်။ ဆုကြေညာသူက ရှေးဦးစွာ ဆန်ခါတင်စာရင်းများအား ကြေညာသည်။ ရှန့်ချောင် အလှည့်သို့ ရောက်လျှင် ကင်မရာက သူမအပေါ် ကျရောက်လာသည်။ သည်တကြိမ်တွင်မူ သူမက ကျက်သေရေရှိစွာ ပြုံးပြလာသည်မှာ စိတ်လှုပ်ရှားမှု စိုးစဉ်းမျှ ရှိဟန်မတူပေ။

နက်တစ်ဇင်များ အပျော်လွန်သွားကြသည်။

အိုင်ဒေါလ် ဆုရတာက ကိုယ်ကိုယ်တိုင်ထက် ပိုအရေးကြီးတယ်။

ဆန်ခါတင်နာမည်ငါးခု ရွတ်ဆိုလာပြီးနောက် စကရင်ထက်တွင် နာမည်စာရင်းငါးခုအား ဖော်ပြထားသည့် မြင်ကွင်း ပေါ်ထွက်လာသည်။ ကြည့်ရှုသူများ၏ သိလိုစိတ်အား ဆွဲဆောင်ပြီးနောက် ဆုပေးအပ်သူက နောက်ဆုံးတွင် အပြုံးဖြင့် ဆိုလာသည်။

GTKWF (Myanmar Translation )Where stories live. Discover now