ကျောက်ယွီ သရော်တော်တော် လှောင်ပြောင်သည်။

"နင့်ဖန်တွေ နင် ဘယ်လောက် တုံးလဲ မြင်သင့်တယ်"

ရှန်ကျွင့်ယီး - "ဖန်အားလုံး ငါ့ကို သဘောကျတယ်၊ လူတိုင်းက ငါ့ကို သဘောကျနေတာ"

ရှန့်ချောင် - "......"

သူ့လက်ကို ဖယ်ချလိုက်ပြီးနောက် ရှန်ကျွင့်ယီးက သူမဆံပင်ကို လှမ်းဆွဲလာသည်။

"မင်း ထိပ်ပြောင်နေတာလား? ငါ ဆံပင်စိုက်ပညာရှင် ကောင်းကောင်းသိတယ်၊ ငါ မင်းကို မိတ်ဆက်ပေးရမလား?"

ရှန့်ချောင် - "......... ငါ ထိပ်မပြောင်နေဘူး၊ ကျေးဇူးပဲ၊ မလိုဘူး"

ရှန်ကျွင့်ယီးက စိတ်ထိခိုက်သွားရသည့် မျက်နှာပေးဖြင့် သူမထံ လှမ်းကြည့်လာသည်။

"ငါတို့ ရက်နည်းနည်းလောက် မတွေ့လိုက်တာနဲ့ မင်းက ပိုပြီး စိမ်းသွားတော့တာပဲ"

သူက ကျောက်ယွီထံ ဒေါသတကြီး လက်ညှိုးထိုးလိုက်ပြီး

"ပြောစမ်း! သူ ငါ့မကောင်းကြောင်းတွေ ပြောထားတာမလား?"

ကျောက်ယွီ - " ??? "

ရှန့်ချောင် - " ??? "

ကျောက်ယွီ - "ငါ နင့်ကို မတွေ့တာ ရက်နည်းနည်းလောက်ပဲ ရှိသေးတယ်၊ အရင်က သူ နင့်ကို ကောင်းကောင်းဆက်ဆံလား မဆက်ဆံလား ငါမသိဘူး၊ နင်ကတော့ ပိုပြီး ငတုံးဖြစ်လာတယ်"

ရှန့်ချောင် - "ငါ နင်ပြောတာ သဘောတူတယ်"

ရှန်ကျွင့်ယီး - "........"

တဖက်ဆီမှ သူမမန်နေဂျာ လှမ်းအော်နေသည်အား လက်ညှိုးညွှန်ကာ ရှန့်ချောင် လှမ်းပြောသည်။

"ယွီယွီ ငါတို့ သွားရတော့မယ်"

ကျောက်ယွီ ရှန့်ချောင်အား ပွေ့ဖက်လိုက်ပြီး

"သွားတော့၊ နင် ရိုက်ကူးရေးပြီးရင် ငါတို့ ထပ်တွေ့ကြမယ်"

ရှန့်ချောင် ခေါင်းညိတ်လိုက်ပြီး

"ငါ နင်နဲ့ အပြင်ထွက်စားမယ်၊ အခုတော့ ရိုက်ကွင်း ပြန်ရတော့မယ်"

ရှန်ကျွင့်ယီး - "ခဏလေး!!"

တဖက်လူနှစ်ယောက်က တချိန်တည်း၌ နောက်လှည့်လာကာ သူက ဒေါသတကြီး ဆိုလိုက်သည်။

GTKWF (Myanmar Translation )Where stories live. Discover now