Episode(56)

2.6K 235 48
                                    

[Unicode]

"အင်း~~"

"အိပ်အုံး"

တစ်အင်းအင်းနဲ့လှုပ်စိ လှုပ်စိဖြစ်လာပြီး မျက်တောင်လေးပုတ်ခပ် ပုတ်ခပ်နဲ့လုပ်နေသည့် ရှောင်းကျန့်ကို ရိပေါ်က ရင်ခွင်ထဲပြန်ဆွဲသွင်းကာ သူလည်းပဲ မျက်လုံးမှိတ်လျှက်သားနဲ့ ရှောင်းကျန့်နှုတ်ခမ်းလေးကို စုပ်ယူနမ်းရှိုက်နေ၏။
နံနက်ခင်းအိပ်ယာအထမှာ ချစ်ရသူကို ရင်ခွင်ထဲထည့်ပြီး အခုလို နမ်းရှိုက်ရတဲ့ခံစားချက်ဟာ ဘယ်အရာနဲ့မှမလဲနိုင်ပေ။

ထို့နောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ ချိုမြိန်စွာပြုံးရယ်လိုက်ကြပြီး ရှောင်းကျန့်ကတော့ ရိပေါ်ရင်ခွင်ထဲ အတင်းတိုးဝင်ကာ အဝတ်ဗလာဖြစ်နေသော ရိပေါ် ရင်ဘတ်တွေကို သူ့ရဲ့နှုတ်ခမ်းလေးနဲ့ဖိကပ်နမ်းရှိုက်နေသေးသည်။

"မောင် ဆေးတော့လိမ်းပေးထားတယ် နာသေးလား ဟင်"

အိပ်ယာထခါစမို့ ဟင်,ဆိုတဲ့နေရာမှာ ရိပေါ်အသံက ခပ်သြသြဖြစ်နေပြီး ရင်ခုန်ချင်စရာအပြည့်နှင့်။

"ဟင့်အင်း~သိပ်မနာတော့ပါဘူး"

"မွခ်ျ!ပြန်အိပ်ကြမယ် မွခ်ျ!မွခ်ျ!မွခ်ျ"

"မောင်~အရမ်းမဖက်နဲ့ အသက်ရှူကြပ်တယ် အား!မောင်ကကွာ"

ရိပေါ်ကသူ့ရဲ့လက်မောင်းတွေနဲ့အတင်းဖျစ်ညှစ်ထားသောကြောင့်ရင်ခွင်ထဲရောက်နေတဲ့ရှောင်းကျန့်မျက်နှာလေးကရဲတွတ်လို့။
ရိပေါ်က အဲ့ဒီလိုပဲ အချစ်ကြမ်းတယ်။
ရှောင်းကျန့်ကိုဆို သိပ်အသည်းယားလွန်းလို့ဆိုပြီး အရိုးတွေကျိုးကြေမတတ် အမြဲဖျစ်ညှစ်တတ်သည်။
ရှောင်းကျန့်ပါးလေးတွေ၊ရှောင်းကျန့်လက်သွယ်သွယ်လေးတွေ၊နောက်ဆုံးရှောင်းကျန့်တင်ပါးတွေအပါအဝင်ပဲ။အသည်းယားတယ်ဆိုပြီးခပ်ကြမ်းကြမ်းလေးဖျစ်ညှစ်တတ်သလို သူ့ရဲ့သွားတွေနဲ့လည်း အမြဲကိုက်နေတတ်သည်။

"ဟင့် နာပါတယ်ဆို လူကိုအတင်းပဲ"

"အာ ... ဖွ ! ဖွ ! မောင်ကချစ်လွန်းလို့ပါကွာ သိရဲ့သားနဲ့"

"ဘေဘီ အသားတွေလည်း ပဲ့ကုန်တော့မယ်...လူကိုဆို အမြဲလုပ်ချင်သလိုလုပ်နေတာ"

Hate,Regret,Revenge (ongoing)Where stories live. Discover now