[Unicode]
"ဘေဘီ~မောင့်ကိုထပ်မံရွေးချယ်ပေးတဲ့အတွက်ကျေးဇူးပါ...မောင် တစ်ကယ် ဘေဘီအပေါ်မှာ တာဝန်ကျေတဲ့အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်စေရပါမယ်"
ရိပေါ်က ရှောင်းကျန့်လက်ဖဝါးလေးကို သူ့ပါးမှာအပ်လို့
မျက်ရည်တွေဝဲရင်း ထိုသို့ဆိုလာလေ၏။ဒီနေ့ ရှောင်းကျန့် ဆေးရုံဆင်းသည့်ရက်ဖြစ်တာမို့ ရှောင်းသခင်ကြီးက သူ့သားကို ဝမ်အိမ်တော်မှာမထားတော့ဘဲ တစ်ခါတည်း ရှောင်းအိမ်တော်ကိုခေါ်သွားဖို့ပြင်ပေမဲ့ရှောင်းကျန့်ကမလိုက်ဘဲ ရိပေါ်နှင့်သာ နေမည်ဟုဆိုလေသည်။
ရှောင်းကျန့်က အဲ့ဒီလိုတွေလုပ်လေ ရိပေါ်မှာ ရှောင်းကျန့်အပေါ် သူတာဝန်မကျေခဲ့တာတွေအတွက် ပိုအားနာရလေဖြစ်သည်။
အမြဲတမ်း ရှောင်းကျန့်က သူ့ကိုယုံယုံကြည်ကြည်ရွေးချယ်ခဲ့ပေမဲ့ သူကတော့ ရှောင်းကျန့်ယုံကြည်အားကိုးရလောက်တဲ့အထိ တာဝန်ကျေတဲ့ယောက်ျားတစ်ယောက်မဖြစ်ခဲ့ဘူး။
သူ့ကြောင့် ရှောင်းကျန့်ကစိတ်ဆင်းရဲခဲ့ရသလို သူကောင်းကောင်းမွန်မွန်ဂရုမစိုက်နိုင်ခဲ့လို့ သူတို့နေရောင်ခြည်လေးကိုလည်း ဆုံးရှုံးခဲ့ရပြီ။
အဲ့ဒီကိစ္စကိုသာ ရှောင်းကျန့်က မှတ်မိသွားခဲ့ရင် အခုလို ရိပေါ်လက်ကိုယုံယုံကြည်ကြည်ဆုပ်ကိုင်ထားပါအုံးမလား။
သူ့တောင်းဆိုမှုကြောင့် ရှောင်းသခင်ကြီးက ကလေးပျက်ကျတဲ့ကိစ္စကို ဘေဘီ့ကို ပြောမပြတာကျေးဇူးတင်ရမည်။မဟုတ်လျှင် အခုချိန်မှာ ဘေဘီက သူ့ရဲ့အနားရှိနေမှာမဟုတ်ဘူး။
သူ့အကြောင်းနဲ့သူ ရှောင်းကျန့်က ဝမ်အိမ်တော်မှာနေခဲ့သည်ကိုတော့ ရိပေါ်တစ်ယောက် ဘယ်သိပေလိမ့်မလဲ။
"မောင် အရမ်းပင်ပန်းနေတယ်မလား...လန်းသွားအောင် ရေအရင်ချိုးလိုက်နော်"
ရိပေါ်ပါးပြင်မှာကပ်ညိနေတဲ့မျက်ရည်စအနည်းငယ်ကို ရှောင်းကျန့်က လက်ဖြင့် ခပ်ဖွဖွဖိသုတ်ပေးလိုက်ပြီး ပြုံးကာဆိုလေ၏။
"လာ ဘေဘီ့ကို ထိုင်လို့အဆင်ပြေအောင် မောင်ပြင်ပေးခဲ့မယ်"
![](https://img.wattpad.com/cover/354127906-288-k782109.jpg)