Episode(21)

2.9K 274 133
                                    

[Unicode]

"အင်း~"

တစ်ညလုံးမနားတမ်းလုပ်သည့်အပြင် နောက်နေ့နံနက်စောစောအထိရိပေါ်ရဲ့သောင်းကြမ်းမှုဒဏ်ကိုခံလိုက်ရသည့်ရှောင်းကျန့်က နံနက် 10 နာရီလောက်မှ တစ်အင်းအင်းတစ်အဲအဲညည်းညူလို့ အိပ်ယာမှ နိုးထလာသည်။

"ရိပေါ်"

ဘေးဘက်ကိုလက်ဖြင့်စမ်းကြည့်ပေမဲ့ရိပေါ်ကမရှိသဖြင့်ရှောင်းကျန့်ကထိတ်လန့်သွားကာချက်ချင်းမျက်ရည်တွေကျလာလေ၏။

ရိပေါ်က သူ့ကိုဂရုမစိုက်ဘဲ လိုချင်တာရသွားတော့ အရင်လိုပစ်ထားခဲ့ပြီလား။ဆိုးလိုက်တာ ဝမ်ရိပေါ်...။

ရှောင်းကျန့်ကိုကအမှတ်မရှိတာပါ သူ့အပေါ် မကောင်းဘဲ အရမ်းဆိုးတဲ့ရိပေါ်ကို လက်မခံသင့်ဘူး။

အခုတော့ဖြင့်...

"ဟင့်~အင့်~အီးဟီး~ဟင့်~မုန်းဖို့ကောင်းတယ်"

"ဘေဘီ!နိုးပြီလား ဘာလို့ငိုနေတာလဲ အရမ်းနာနေလို့လား"

စိုးရိမ်မှုအပြည့်နဲ့မေးလာတဲ့ ရိပေါ်က အတော်ကို ဟန်ဆောင်ကောင်းပါရဲ့။

"ဟင့်အင်း~ဖယ်"

"ဘေဘီ ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော"

"မကောင်းတဲ့ကောင်!သွားပါ ငါ့ကိုပစ်ထားလိုက်စမ်းပါ အခုမှဘာလာလုပ်တာလဲ ဟမ်!ပြောလေ"

"ဘေဘီဗိုက်ဆာမှာစိုးလို့လာနှိုးတာလေ...ဘေဘီ့အတွက် စားလို့အဆင်ပြေမဲ့ဟာ စီစဉ်ခိုင်းနေတာ...အခု ရပြီတဲ့"

ထိုအခါမှ ရှောင်းကျန့်က ဟုတ်လို့လားဆိုသည့် သဘောဖြင့် မျက်စောင်းဝံ့ကာကြည့်လာလေ၏။

"မင်းကတော့ ရေတောင်ချိုးပြီးတဲ့ပုံပဲနော်"

သန့်ပြန့်နေသော ရိပေါ်ကိုကြည့်လို့ ရှောင်းကျန့်က မဲ့ရွဲ့ကာပြောလာလေသည်။

သူကတော့ ပေပွနေတဲ့ သူ့ရဲ့ခန္ဓာကိုယ်ကို သေချာဆေးကြောပြီး သန့်ရှင်းရအုံးမယ်။
ကိုယ့်ကြောင့် ဖြစ်တာမလို့ ဂရုစိုက်ရမယ်ဆိုတဲ့ အတွေးက ရိပေါ်ဆီမှာ ရှိမှာမဟုတ်ဘူးဆိုတာ ရှောင်းကျန့်သိသည်လေ။

Hate,Regret,Revenge (ongoing)Where stories live. Discover now