Episode(55)

2.5K 243 37
                                    

[Unicode]

"ဘေဘီ အချစ်လေး...တော်တော်ကြာနေပြီနော် မြန်မြန်လုပ်လေကွာ"

"ဘယ်လိုဖြစ်နေတာလဲ"

ကြည့်!သူကပဲဒီလူကိုနှုတ်ခမ်းစူပြီးမျက်စောင်းထိုးရတယ်ရှိသေး။ပြီးတော့ ပြောသေးတာက မင်း ငါ့ကို စိတ်မရှည်ဘူးလားတဲ့။
စိတ်ရှည်လွန်းလို့ပဲ နှစ်နာရီနီးပါး မှန်ရှေ့က,လူကို စောင့်နေရတာပေါ့။

ဒီနေ့က ရိပေါ်တို့ နှစ်ယောက်စလုံး ဘွဲ့ယူမည့်နေ့မို့ ရိပေါ်ဆို အစောကတည်းကပြင်ဆင်ပြီးပြီ။
ဒါပေမဲ့ သူ့ရဲ့ချစ်သည်းလေးကတော့ အခုထိပြင်လို့မပြီးနိုင်ဘူး။ရိပေါ်ကို ကြည့်လိုက် မှန်ကိုကြည့်လိုက်နဲ့ စိတ်တိုင်းမကျတိုင်း ပွစိ ပွစိက ရေရွတ်တတ်သေးတာ။

"သွားချိန်နီး"

"ပြီးပြီ ! ပြီးပြီ ! "

ရှောင်းကျန့်အသံလေးက ခပ်စူးစူးနဲ့ ရိပေါ်စကားကိုဖြတ်ကာ ထွက်ပေါ်လာသည်။

"ဘာလို့ မောင်က ငါ့ထပ် ပိုကြည့်ကောင်းနေရတာလဲ ကျစ်!တစ်ကယ်ပဲ စိတ်တိုလိုက်တာ"

နောက်ဆုံးတစ်ခါမှန်ကိုအားရအောင်ကြည့်ပြီးသည့် ရှောင်းကျန့်ကတိုးတိတ်စွာထိုသို့ရေရွတ်ပြီး
မကျေနပ်ဘူးနော် ဟု ဆိုကာ ရိပေါ်ရင်ဘတ်ကို လက်သီးဖြင့်ထိုးလိုက်သေးသည်။

"ဘာကိုမကျေနပ်တာတုန်း ချစ်သည်းရဲ့ မောင်ဘာလုပ်မိလို့လဲ"

ရိပေါ်က ရှောင်းကျန့်ခါးလေးကိုပွေ့ဖက်ထားပြီး နားသယ်စလေးကိုနမ်းရှိုက်ရင်းမေးသည့်အခါအလိုလိုက်ခံရတဲ့ကလေးပေါက်စလေးလို မျက်နှာပေးနဲ့ရှောင်းကျန့်က နှုတ်ခမ်းချွန်ချွန်လေးကို စူထော်ထား၏။

"ဒီနေ့တော့ ဘွဲ့ယူမှာမို့ ရှိစေတော့ အပြန်ခါ မင်းကို ခေါင်းတုံး တုံးပစ်မယ်"

" ဟမ် ! ဘာလို့လဲဗျာ"

"မင်းက ငါ့ထပ်ပိုချောနေလို့ မနာလိုလို့ ရှင်းပြီလား အခုလည်း ငါ့မှာ မင်းထပ်သာအောင် အချိန်အကြာကြီး ပြင်နေရတာ"

ရှောင်းကျန့်ကထိုသို့ပြောသည့်အခါ ရိပေါ်က သဘောတကျဖြင့် ပခုံးများလှုပ်သည်အထိ ရယ်မောတော့၏။

Hate,Regret,Revenge (ongoing)Where stories live. Discover now