Episode(5)

3K 286 60
                                    

[Unicode]

"ဝမ်ရိပေါ်!မင်းကိုယ်မင်းအထက်တန်းကျောင်းသားဆိုတာရော သိသေးရဲ့လား ဟမ်!"

ဝမ်ပါးကမျက်နှာမှာဒဏ်ရာပေါင်းစုံနှင့်သားဖြစ်သူကိုကြည့်၍ ဆူပူကြိမ်းမောင်းနေလေရဲ့!

ဒီကလေးဘာလို့များအဲ့ဒီလောက်ဆုံးမ,လို့မနိုင်အောင်ဆိုးသွမ်းရတာလဲ။

အခုလည်း ရန်သတ်လို့ ရဲစခန်းရောက်နေသဖြင့် သူကသွားခေါ်လာရခြင်းပင်။

"ငါ့မြေးကို အော်စရာဘာအကြောင်းမှမရှိဘူး ဝမ်ဟန်ကျင်း"

အဲ့ဒါပါဘဲ!
အဘွားဖြစ်သူက သူ့မြေးဘာလုပ်လုပ်တစ်ပြုံးပြုံးနဲ့ ဖြစ်နေလေတော့ ဝမ်ရိပေါ်က အဘွားအားကိုးနဲ့ဆိုးချင်တိုင်းဆိုးနေတော့တာ။

ပြီးတော့ ဝမ်မျိုးဆက်ကို ဆက်ခံမည့်သူဆိုလို့ ဝမ်ရိပေါ်တစ်ယောက်ထဲရှိလေတော့ အကုန်လုံးက ဖူးဖူးမှုတ်ပြီး အလိုလိုက်ထားကြသေး။

ဝမ်သခင်မကြီးမှာ ဝမ်ချွီနှင့်ဝမ်ဟန်ကျင်းဆိုသည့် သားနှစ်ယောက်သာရှိပြီး ထိုသားနှစ်ယောက်မှာလည်း ဝမ်ချွီက ယခုအချိန်ထိ အိမ်ထောင်မပြုရသေးဘဲ ဝမ်ဟန်ကျင်းကသာ အိမ်ထောင်ကျပြီး ဝမ်ရိပေါ်လေးတစ်ယောက်ထဲ မွေးဖွားလေတော့ အားလုံးက ဆက်ခံသူဝမ်ရိပေါ်ကိုဘဲ အချစ်ပိုနေကြတော့သည်။

"ဘွားဘွားကို အချစ်ဆုံး"

ထိုအခါ ဝမ်ဘွားဘွားရဲ့မျက်နှာဟာ ကျေနပ်စွာခပ်ပြုံးပြုံးဖြစ်နေလေရဲ့။

"ဒီနေ့သားက ပထမရခဲ့တယ် ဘွားဘွားက ဘာပေးမှာလဲ"

"အရမ်းတော်တဲ့ဘွားမြေးလေးဘာလိုချင်သလဲ"

ဝမ်ပါးကတော့အကဲပိုနေတဲ့မိခင်ဖြစ်သူနှင့်သားဖြစ်သူကိုကြည့်လို့ ခေါင်းတစ်ရမ်းရမ်း။

"ဒါနဲ့ဟိုကလေးကရော"

"သူနဲ့အတူတူဘဲ"

"အို!ဘာဘဲဖြစ်ဖြစ် ဘွားရဲ့မြေးလေးက စာသေချာမလုပ်တာတောင် သူနဲ့ယှဉ်နိုင်တယ် စာသာသေချာလုပ်လို့ကတော့ အဟင်းဟင်း"

ဝမ်ဘွားဘွားကဝမ်ရိပေါ်အတွက်များစွာဂုဏ်ယူနေမိတယ်။

အဓိက,ကတော့မြေးလေးကသူမ,မုန်းတဲ့ရှောင်းမိန်ရွှယ်ရဲ့သားနဲ့ တန်းတူယှဉ်ပြိုင်နိုင်သောကြောင့်ပင်။

Hate,Regret,Revenge (ongoing)Where stories live. Discover now