Episode(39)

2.4K 259 40
                                    

[Unicode]

အချိန်၂ရက်လောက်ကြာပြီးတဲ့အခါမှာ ရှောင်းကျန့်က သတိရလာခဲ့သည်။သို့ပေမဲ့လည်း စိတ်မကောင်းစရာက လှေခါးထိပ်ကနေပြုတ်ကျတဲ့ဒဏ်ကြောင့်သူ့ရဲ့ခြေထောက်တွေက လှုပ်မရသည့်အပြင် လက်တစ်ဖက်ကလည်း လှုပ်မရခဲ့ချေ။

ထို့ထပ်ပိုဆိုးသည်ကသူလှေခါးပေါ်ကမကျခင်အကြောင်းအရင်းများကို မေ့သွားခဲ့ခြင်းပင်။

"မောင်...ငါဘာဖြစ်ခဲ့တာလဲဘာလို့ဆေးရုံရောက်နေတာလဲ!ငါ့~ငါ့လက်တစ်ဖက်ကလည်းလှုပ်မရတော့ဘူး"

"ဘေဘီ~ဘေဘီတစ်ကယ်ပဲ ဘာ‌ေတွဖြစ်ခဲ့လဲဆိုတာ မမှတ်မိဘူးလား"

ရိပေါ်ကမေးသည့်အခါရှောင်းကျန့်ကမျက်နှာငယ်လေးဖြင့် ခေါင်းညိတ်ပြ၏။

"ဘေဘီရယ်"

နွမ်းလျနေတဲ့မျက်နှာနဲ့ ရိပေါ်က ရှောင်းကျန့်ကိုဖက်လို့ တိုးတိတ်စွာ ငိုကြွေးနေလေရဲ့။

ဘာလို့ဘေဘီကျမှဒီလိုစိတ်မကောင်းစရာဖြစ်ရပ်ဆိုးတွေလာဖြစ်နေရတာလဲ။ကလေးပါဆုံးရှုံးလိုက်ရသည့်အပြင် ယခုလည်း သူ့ကလေးဆုံးပါးသွားသည့် အကြောင်းအရာကိုတောင် မမှတ်မိတော့ချေ။

ဒီကြားထဲ သူ့ခြေထောက်တွေနဲ့လက်တွေ ထိခိုက်မိတာကိုကြည့်လို့ သွေးပျက်နေတဲ့ဘေဘီရဲ့ပုံက ရိပေါ်နှလုံးသားကို မီးစနှင့်ထိုးနေသည့်နှယ်။

"ခေါင်းကနည်းနည်းပါးပါးထိခိုက်မိသွားလို့လတ်တလောအကြောင်းအရာတွေကို မေ့သွားတာဖြစ်မယ်....
ဘာမှသိပ်ပြီးစိတ်ပူစရာမရှိပါဘူး...ခြေထောက်တွေကလည်း တစ်လလောက်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးရင် အမြန်ဆုံးသက်သာလာမှာပါ"

ဆရာဝန်ရဲ့စကားကြောင့်ရိပေါ်သက်ပြင်းသာချလိုက်ပြီး ဘေဘီ့ရဲ့လက်လေးတွေကို ဆုပ်ကိုင်ထားလိုက်သည်။

"ဘာမှစိတ်ပူစရာမလိုဘူးဘေဘီ...မောင်တစ်ယောက်လုံးအနားမှာရှိတယ်နော်"

"ဟင့်~ဘာ~ဘာာ‌ေတွဖြစ်သွားခဲ့တာလဲ"

လှေခါးပေါ်ကပြုတ်ကျလို့ဒီလိုဖြစ်သွားတဲ့အကြောင်းတွေ၊ကလေးပါပျက်ကျသွားတဲ့အကြောင်းတွေကိုရိပေါ်ဘယ်လိုပြောပြရက်ပါ့မလဲ။

Hate,Regret,Revenge (ongoing)Où les histoires vivent. Découvrez maintenant