[Unicode]
"မောင် အရမ်းစိတ်ပင်ပန်းနေရပြီ"
ဆရာဝန်ပြန်သွားပြီးနောက် ကုတင်ပေါ်မှာ မေ့မျောနေသေးတဲ့ ရိပေါ်ကို ရှောင်းကျန့်က ကုတင်ဘေးမှာထိုင်ရင်း လက်လေးကိုဆုပ်ကိုင်လိုက် ၊ နဖူးလေးကိုသပ်ပေးလိုက် ၊ ခေါင်းလေးကိုပွတ်သပ်ပေးလိုက် လုပ်နေသည်။
"မောင့် မားမားကြောင့်မောင်ဒီလိုခံစားရတာ...ဘေဘီက လုံးဝခွင့်မလွှတ်ချင်ဘူး သိရဲ့လား"
ထိုသို့သာတွေးလိုက်ပေမဲ့ အစီအစဉ်အတိုင်း ဝမ်သခင်မကြီးကိုလုပ်လိုက်လျှင်မောင်ခံစားသွားရမှာကြောက်သည်။အပြစ်ရှိတဲ့မိန်းမမို့ ရှောင်းကျန့်က ဒေါသအလျောက်လုပ်လိုက်ချင်ပေမဲ့လည်း တစ်ဖက်ကကြည့်လျှင် မောင့်ရဲ့မိခင်ဆိုတဲ့အသိနဲ့ တွန့်ဆုတ်မိပြန်သည်။
ဒီကိစ္စကို သူဘယ်လိုကိုင်တွယ်ရပါ့မလဲ။သက်သေအထောက်အထားက အကုန်စုံနေပြီမို့ မနက်ဖြန်ဆို ဝမ်သခင်မကြီးနဲ့သူမရဲ့မောင်ကို ထောင်ထဲပို့ပစ်ဖို့လုပ်ထားပေမဲ့အခုမောင့်ရဲ့အခြေအနေကြောင့် အဲ့ဒီကိစ္စကို ရပ်တန့်ထားရမည်ထင်ပါရဲ့။
မောင့်ကို စိတ်ဆင်းမရဲစေချင်ဘူး။"မောင်ရယ်~မြန်မြန်သတိရလာပါတော့~မောင့်ရဲ့ ဘေးမှာ ဘေဘီတစ်ယောက်လုံးရှိတယ်နော်"
"ကျေးဇူးပါ"
တိုးဖွဖွထွက်ပေါ်လာသော ထိုအသံကြောင့် ရှောင်းကျန့်က အလွန်အံသြသွားပြီးဝမ်းသာလွန်းလို့ ချက်ချင်းမျက်ရည်တွေကျလာကာ ရိပေါ်ကို ဖြည်းဖြည်းချင်းထူပေးသည်။
"မောင် ခေါင်းတွေမူးသေးလား ဟင်...ဘယ်လိုနေလဲ ဘယ်နေရာ နေလို့မကောင်းတာရှိလဲ"
"မောင့်အနားမှာ ဘေဘီရှိသ၍ မောင်အဆင်ပြေပါတယ်"
"ဟင့်~"
သူ့ရဲ့ဘေးမှာ ဘေးတစ်စောင်းထိုင်လို့ ရင်ခွင်ထဲတိုးဝင်လာသော လူသားလေးကို ရိပေါ်မှာ တင်းကြပ်စွာဖက်ထားလိုက်ပြီး ခေါင်းလုံးလုံးလေးကို မြတ်နိုးစွာ အနမ်းပေးလိုက်သည်။
"ဘေဘီ~မောင်တောင်းပန်~အွန့်"
"တောင်းပန်တဲ့စကားတွေထပ်မပြောနဲ့နော်~ ဖြစ်ခဲ့တာတွေက မောင်နဲ့တစ်ခုမှမဆိုင်ဘူး"
![](https://img.wattpad.com/cover/354127906-288-k782109.jpg)