Episode(23)

3.1K 300 36
                                    

[Unicode]

"ဘေဘီ~ဘေဘီ~ဘေဘီ~မောင့်ရဲ့ဘေဘီလေး~မောင့်ရဲ့လာဘ်ကောင်လေး~ဘေဘီ~ဘေဘီ~ဘေဘီ"

ရှောင်းကျန့် သတိရလာသည့်အခါ ဘေးကနေ တစ်တွတ်တွတ်နဲ့တိုးဖွဖြွဖင့် သူ့ကို ခေါ်နေသည့် ရိပေါ်အသံကိုကြားလိုက်ရသည်။
နိုးလာအောင်ခေါ်ခြင်းမဟုတ်ဘဲ ဒီတိုင်း ပါးစပ်ကနေ ချစ်စဖွယ်ခေါ်နေခြင်းသာ။

ပြီးတော့ ရှောင်းကျန့်ရဲ့လက်ကိုလည်း သူ့(ရိပေါ်)ပါးမှာ အပ်၍ ပွတ်သပ်နေသေးရဲ့။

"ဘေဘီ!ဘေဘီ နိုးလာပြီ...ကိုယ်ဝမ်းသာလိုက်တာ ဘေဘီရာ"

ရှောင်းကျန့်မျက်လုံးဖွင့်နေတာသိသွားတဲ့ရိပေါ်ကမျက်ရည်တွေဝဲကာပျော်နေသဖြင့်ရှောင်းကျန့်ကြည့်နေရင်းမှာပင်သူသတိမလစ်ခင်ကဖြစ်ပျက်သွားသည့်အဖြစ်အပျက်တွေကို ပြန်လည်သတိရသွားသည့်အခါ မျက်မှောင်ကိုကြုတ်လို့ ရိပေါ်ဆုပ်ကိုင်ထားတဲ့ သူ့ရဲ့လက်ကို ဆတ်ခနဲ ဆောင့်ရုန်းလိုက်လေ၏။

ထိုအခါ ရိပေါ်က အလန့်တစ်ကြားဖြင့် တစ်ဖက်သို့လှည့်သွားပြီဖြစ်သော ရှောင်းကျန့်ကို ညင်သာစွာ သူ့ဘက်သို့ပြန်လှည့်စေလိုက်ပြီး ဖက်ထားလိုက်သည်။

"ဘေဘီ~ကိုယ့်အမှားကို ကိုယ်သိပါပြီ"

"လွှတ်စမ်း!"

ရိပေါ်ကို ကြည့်နေသည့် ရှောင်းကျန့်မျက်ဝန်းတွေက နူးညံ့မှုအလျဉ်းမရှိဘဲ မာန်ဖီနေသည့် ကျားပေါက်လေးသဖွယ်။

ပြောရမယ်ဆိုလျှင် အရင်အချိန်က ရှောင်းသခင်လေးကို ပြန်တွေ့ရသလိုမျိုးပင်။

"ကိုယ်ဒီလိုဒူးထောက်ပြီးတောင်းပန်ပါ့မယ်ဘေဘီ....နောက်တစ်ခါဘေဘီ့ကို အဲ့ဒီလိုမျိုးဘယ်တော့မှ မပြောတော့ပါဘူး"

"လုပ်ချင်တာလုပ်ပြီးမှ တောင်းပန်တတ်တဲ့လူမျိုးကို ငါသဘောမကျဘူး ဝမ်ရိပေါ်"

ရှောင်းကျန့်အနေဖြင့် ဒီလိုကိစ္စမျိုးက ပထမဆုံး သူ့ကိုအတင်းအဓမ္မရယူခဲ့သည့်ကိစ္စလောက်ဆိုးဝါးသည်မဟုတ်ပေမဲ့ခွင့်လွှတ်မပေးနိုင်ဘဲ အကဲဆတ်နေမိသည်။

သူ့ကို အတင်းအဓမ္မရယူခဲ့တုန်းက မုန်းမိပေမဲ့ အဲ့ဒီအချိန်က သူ့ပါးပါးကြောင့် ရိပေါ်က သူ့ကိုမုန်းလို့ လုပ်တာကတစ်ကြောင်း ၊ နောက်ပိုင်းမှာ သူ့ကိုအလိုလိုက်လာပြီး ဂရုစိုက် ချစ်ပေးခဲ့တာက တစ်ကြောင်းကြောင့် သူ့ရဲ့အမုန်းတွေကို ရိပေါ် သူ့ကိုချစ်သောအချစ်ဖြင့် ချေဖျက်ခဲ့တာ။

Hate,Regret,Revenge (ongoing)Where stories live. Discover now