Episode(51)

2.4K 257 57
                                    

[Unicode]

"မောင် ဘယ်သူ့ဆီကဖုန်းလာလို့လဲ"

ရေချိုးခန်းထဲကထွက်လာသည့်ရှောင်းကျန့်ကဖုန်းကိုကိုင်လျှက်မတ်တပ်ကြီးရပ်နေသည့်ရိပေါ်ကိုမေးသည့်အခါရိပေါ်ကဖုန်းကိုရှောင်းကျန့်အားပေးလိုက်လေသည်။

"ဒါက"

contact nameကိုမြင်သည့်ရှောင်းကျန့်မှာ တုန်လှုပ်စွာဖြင့် ရိပေါ်ကိုကြည့်လိုက်တော့ ရိပေါ်၏ပုံစံမှာ တည်တည်ငြိမ်ငြိမ်နှင့်။

"သူ ဘာပြောသေးလဲ"

"မားက ဘာတွေလုပ်ထားတာလဲ"

နှစ်ယောက်စလုံးရဲ့စကားသံတွေကတူညီစွာထွက်ပေါ်လာကြ၏။

"မားနဲ့ပတ်သတ်ပြီး မောင်မသိတာ တစ်ခုခုရှိသေးလား...ဘာလို့ မားကို ဖမ်းဖို့ လုပ်တာလဲ"

"မောင်~မောင် ငါက"

လေသံကနည်းနည်းမာနေပြီးတည်တင်းနေတဲ့ရိပေါ်ရဲ့ပုံစံကြောင့်ရှောင်းကျန့်ကစကားကိုရှေ့မဆက်တော့ဘဲမျက်ရည်တွေအီခနဲကျလာလေရဲ့။

"ဘေဘီ~ဘာလို့ ငိုရတာလဲ ဘာဖြစ်လို့လဲ"

"မောင်~ဟင့်~မောင် ငါ့ကို စိတ်မဆိုးပါနဲ့~ငါက ဒီကိစ္စကို ဆိုင်းငံ့ထားမလို့ပါ"

"ဘေဘီ...မောင် ဘေဘီ့ကို စိတ်မဆိုးပါဘူး မား,ဘာတွေ မဟုတ်တာ လုပ်ထားလဲဆိုပြီး ဒေါသထွက်မိတာပါကွာ..မငိုရဘူးလေ ဘေဘီက မဟုတ်တာ လုပ်ထားတာမှ မဟုတ်ဘဲ"

ရိပေါ်က ရှောင်းကျန့်မျက်ရည်တွေကို သုတ်ပေးပြီး ချော့မြူ၏။

"မောင့်ကိုပြော မားက ဘာတွေလုပ်ထားတာလဲ"

"မောင့်~မောင့် မားမားက ငါ့မားမားကို လုပ်ကြံခဲ့တာ"

"ဘာ!!!"

ရှောင်းကျန့်ပြောလိုက်သောစကားကြောင့် ရိပေါ်မှာ ချက်ချင်းပင် ခေါင်းတွေမူးဝေသွားတာမို့ သူ့ရဲ့နားထင်ကို လက်ဖြင့်ဖိနှိပ်ထားလိုက်ရသည်။
မားက ဘာလို့ ဒီလောက်အထိဆိုးသွမ်းခဲ့ရတာလဲ။

"ငါ့မားမားက မောင့်ပါးပါးနဲ့ချစ်ကြိုက်ခဲ့တာမို့ မုန်းလို့လုပ်တာတဲ့ ဟင့်~ငါ့ ငါ့ကိုရော မားရဲ့သွေးသားမလို့ မုန်းနေခဲ့တာ"

Hate,Regret,Revenge (ongoing)Kde žijí příběhy. Začni objevovat