Episode(11)

2.7K 285 116
                                    

[Unicode]

"ရှောင်းရှောင်း ဖိနပ်ကြိုးပြေနေတယ်...ငါလုပ်ပေးမယ်"

"ရှဲ့ဖုန်း!"

အောက်ကိုဒူးတစ်ဖက်ထောက်ကာ ထိုင်ချ၍ သူ့ရဲ့ဖိနပ်ကြိုးကို ချည်ပေးနေသော ရှဲ့ဖုန်းကြောင့် ရှောင်းကျန့်မှာအလန့်တစ်ကြား။

"ရပြီ ရပြီ!ထတော့ နောက်တစ်ခါအဲ့လိုမလုပ်နဲ့ရှဲ့ဖုန်း...
ငါတစ်ကယ်သဘောမကျဘူး!"

"ဘာဖြစ်လို့လဲရှောင်းကလည်း...အမြင်မတော်လို့လုပ်ပေးတာကို"

"ဒါပေမဲ့ကွာ!သူငယ်ချင်း အချင်းချင်း အဲ့လောက်ကြီးထိလုပ်ပေးစရာမလိုပါဘူး"

ရှောင်းကျန့်စကားကြောင့် ရှဲ့ဖုန်းရဲ့မျက်နှာက မအီမသာဖြစ်သွားပြီး ဘေးကကျိုးချန်ကတော့ ရယ်ချင်တာကို အောင့်ထားပုံပေါ်သည်။

ကျိုးချန်အနေနှင့်လည်း ရှဲ့ဖုန်းက ရှောင်းကျန့်ကို သဘောကျသည့်အပေါ် လွန်စွာသဘောတူနေမိသည်။

သို့ပေမဲ့ ရှောင်းကျန့်က ဝမ်ရိပေါ်ကို သဘောကျနေတာမို့ နည်းနည်းတော့ ဘဝင်မကျ။

ဘာလို့ဆို အဲ့ဒီစိတ်ကလက်တစ်ဆစ်သာရှိတဲ့ ဝမ်ရိပေါ်က အမြဲ သူ့သူငယ်ချင်းကို အနိုင်ကျင့်တတ်သည်မဟုတ်လား။

ဝမ်ရိပေါ်နှင့်ယှဉ်လျှင် ရှဲ့ဖုန်းကတော့ ငယ်ငယ်ကတည်းကရှောင်းကျန့်မျက်နှာတစ်ကမ္ဘာ
ထင်ပြီးရှောင်းကျန့်အပေါ် အသေးစိတ်ဂရုစိုက်ကာ အနွံတာခံခဲ့သူဖြစ်ပေသည်။

ထို့ကြောင့် သူငယ်ချင်းဖြစ်သူရှောင်းကျန့်ကို အလွန်ချစ်သည့်ကျိုးချန်ကလည်းဝမ်ရိပေါ်နှင့်သဘောမတူပေ။

"တောက်စ်!!"

ရှဲ့ဖုန်းကရှောင်းကျန့်အားဖိနပ်ကြိုးချည်ပေးသည့်မြင်ကွင်းကို အဝေးမှမြင်လိုက်ရသည့် ရိပေါ်က ဒေါသထွက်လွန်းလို့လက်သီးကိုခပ်တင်းတင်းဆုပ်ထားမိသည်။

သူ့အပိုင်ဖြစ်တော့မဲ့ ရှောင်းကျန့်က အဲ့ဒီလုပ်ရပ်ကို လက်ခံတယ်ပေါ့လေ! !

ဝမ်ရိပေါ်ကဒေါသဖြစ်လွန်းလို့သူသိပ်ချစ်ရတဲ့ဆိုင်ကယ်ကို ခြေထောက်ဖြင့် ကန်လိုက်သေးသည်။

Hate,Regret,Revenge (ongoing)Hikayelerin yaşadığı yer. Şimdi keşfedin