Episode(3)

2.4K 274 126
                                    

[Unicode]

"အခြေအနေ!မိန်ရွှယ်ရဲ့အခြေအနေ"

"အသက်မရှိတော့ဘူး ချန်မင်"

အခုမှဆေးရုံသို့ အမောတကော ပြေးလာသည့် ရှောင်းချန်မင်ကသူငယ်ချင်းဖြစ်သူဆရာဝန်ရဲ့စကားကြောင့် တုန်လှုပ်သွားကာ မယုံကြည်နိုင်ဟန်ဖြစ်သွားသည်။

"ကားအက်စီးဒန့်ဖြစ်ပြီးဆေးရုံကိုရောက်လာကတည်းက အသက်မရှိတော့တာ"

"ဟား!ဘယ်လိုဖြစ်တာလဲ!ဘယ်လိုဖြစ်သွားရတာလဲကွာ!"

"ဆေးရုံကိုလာပို့တဲ့သူတွေပြောတာတော့ တစ်ဖက်က ကုန်တင်ကားကအရှိန်နဲ့လာနေတာကို မိန်ရွှယ်က အဲ့ဒီကုန်တင်ကားရှေ့ကနေ ဖြတ်မောင်းတာတဲ့"

"..."

"ဒီကို ရောက်တော့ အသက်မရှိတော့ဘူး...လူနာက မိန်ရွှယ်ဖြစ်နေတာနဲ့ မင်းကို ဖုန်းဆက်အကြောင်းကြားလိုက်တာ"

ရှောင်းချန်မင်က အရုပ်ကြိုးပျက်ဖြစ်သွားပြီး မျက်နှာကိုလက်ဖြင့်ပွတ်သပ်၍ မျက်ရည်များစွာ စီးကျနေ၏။

"မိန်အာ...မဖြစ်ရဘူးလေအဲ့လိုမဖြစ်ရဘူး!ကိုယ်...ကိုယ် မင်းကို မတောင်းပန်ရသေးဘူးလေ မိန်အာ!ကိုယ့်ကိုမထားခဲ့ပါနဲ့"

ရှောင်းသခင်မကြီးရဲ့ လက်ကိုဆုပ်ကိုင်လို့ ရှောင်းချန်မင်က ယောက်ျားတန်မဲ့ရူးသွပ်စွာ ငိုကြွေးနေလျှက်။

"ကိုယ်မင်းကိုအရမ်းချစ်တာပါမိ်န်အာရယ်...ကိုယ်မင်းကိုချစ်လို့လည်း အရမ်းသဝန်တိုမိတာပါ"

ရှောင်းသခင်ကြီးက ဖြစ်ပျက်သွားသော မြန်ဆန်လွန်းသည့်အခြေအနေတွေကို လိုက်မမှီနိုင်ဖြစ်ကာ ရူးတော့မလိုပင်။

"အဲ့ဒီ ကားသမားကို တရားစွဲမယ်!"

"လက်လွတ်စပယ်လုပ်လို့မရဘူးလေ...တာဝန်ကျရဲတွေစစ်ဆေးနေတုန်းရှိသေးတယ်"

ထို့နောက် ခဏအကြာတွင် ရဲတွေရဲ့စစ်ဆေးချက်အရ မိန်ရွှယ်ရဲ့ကားက ဘရိတ်မမိဘဲဖြစ်ပြီး အရှိန်နဲ့လာတဲ့တစ်ဖက်ကကုန်တင်ကားရှေ့တိုးဝင်မိတာတဲ့!

ကားပေါ်မှာလည်း စားစရာ မုန့်ထုတ်တွေပါနေပုံရရင်
ရှောင်းကျန့်ဖို့ဘဲဖြစ်လိမ့်မယ်။

Hate,Regret,Revenge (ongoing)Where stories live. Discover now