Episode(19)

3.5K 295 134
                                    

[Unicode]

သူ့ရဲ့လက်ကိုဆုပ်ကိုင်လို့ ပြောလာသော ရိပေါ်ကြောင့် ရှောင်းကျန့်နှလုံးသားလေးမှာတစ်သိမ့်သိမ့်နဲ့နွေးထွေးသွားရသည်။

တာဝန်အရတော့ မဖြစ်ပါစေနဲ့ ရိပေါ်။
ငါမင်းကို အရမ်းချစ်တာမို့ ငါ့ရဲ့အချစ်တွေစစ်မှန်ပြီး မင်းလည်းငါ့ကိုပြန်ချစ်လာရင် ကောင်းမယ်။

Ring~Ring~

ရှောင်းကျန့်ရဲ့ဖုန်းလာသံကြောင့် နှစ်ယောက်စလုံး ဆုပ်ကိုင်ထားကြတဲ့လက်တွေဖြုတ်ကာ
ချောင်းဟမ့်သူကဟမ့်၊ဂုတ်ကိုလက်ဖြင့်ပွတ်သူကပွတ်နှင့် အရှက်ပိုနေကြလျှက်။

"ဘယ်သူလဲ"

"ရှဲ့ဖုန်းတဲ့"

"ဒီကိုပေး"

ရိပေါ်က မျက်မှောင်ကြီးကုတ်ထားပြီး ရှောင်းကျန့်ရဲ့ဖုန်းကိုတောင်းလာသဖြင့် ရှောင်းကျန့်ကလည်း ကြည်ကြည်ဖြူဖြူပင် ရိပေါ်လက်ထဲ ထည့်ပေးလိုက်သည်။

"ရှောင်းရှောင်း....ကျောင်းပိတ်ရက် ငါတို့အတူ အပြင်လျှောက်လည်ရင်း မုန့်စားကြရအောင်လေ"

"ရှောင်းကျန့်က သူ့ယောက်ျား ငါနဲ့ dateနေတယ် မအားဘူး"

ထိုသို့ပြောပြီးရိပေါ်ကဖုန်းကိုချက်ချင်းချပစ်လိုက်သဖြင့် တစ်ဖက်က ရှဲ့ဖုန်းမှာတော့ မနာလို ၊ မကျေနပ်မှုတို့ကြောင့်တောက်တစ်ခေါက်ခေါက်ဖြစ်နေလေ၏။

"စိတ်လျှော့ပါ ရှဲ့ဖုန်းရာ....သူတို့ကလက်ထပ်ပြီးကြတဲ့ အိမ်ထောင်သည်တွေဖြစ်နေပြီလေ"

"အား!!မဟုတ်ဘူး!မဟုတ်ဘူး!အဲ့ဒီဝမ်ရိပေါ်ဆိုတဲ့ကောင်ကမနေ့တစ်နေ့ကမှ ရှောင်းရှောင်းကိုလက်ထပ်ပြီး သူ့အပိုင်လုပ်ချင်လို့ရမလား...ငါက ငါကလေ ငယ်ငယ်ကတည်းကသူ့ထပ်ရှောင်းရှောင်းကိုပိုချစ်ခဲ့တာပါ"

"...."

"ရှောင်းရှောင်းကငါ့ဟာ...သူဆီကငါ့ရဲ့ရှောင်းရှောင်းကိုပြန်လုယူမှာ"

"ရှဲ့ဖုန်း!!ရှောင်းရှောင်းကလည်း သူ့ကိုချစ်နေတာလေ ဒီတိုင်းထားလိုက်စမ်းပါ...မင်း ရှောင်းရှောင်းကို စိတ်ဆင်းရဲအောင်လုပ်မလို့လား"

Hate,Regret,Revenge (ongoing)Where stories live. Discover now