Episode(26)

2.5K 238 44
                                    

[Unicode]

"နေ့လည်က အလုပ်ထုတ်လိုက်တဲ့ မိန်းမကို ဘဝပျက်စေချင်တယ် ပါး"

"ဟားဟား!ဖြစ်စေရမယ်"

ထိုအခါမှ ရိပေါ်က ကျေနပ်သွားဟန် နှုတ်ခမ်းတွန့်ကာပြုံးလာသည်။

ရိပေါ်အနေဖြင့် နေ့လည်က ကိစ္စကို အစအဆုံး သိချင်သောကြောင့် CCTV ပြန်ကြည့်လိုက်ရာ ထိုမိန်းမကဦးဆောင်ပြီး ဘေဘီ့ကိုလှောင်သည့်အပြင် ရိပေါ်နဲ့ဘာလိုလို ညာလိုလိုစကားတွေပါပြောလာသဖြင့်  သေချာပေါက် ဘေဘီကအထင်လွဲသွားမည်မှာအမှန်ပင်။

ထို့ကြောင့် ဘေဘီ့ကိုလှောင်တာကတစ်ကြောင်း ၊ ဘေဘီအထင်လွဲရန်ပြောတာကတစ်ကြောင်းကြောင့် ထိုမိန်းမဘဝပျက်အောင်လုပ်ဆောင်ခိုင်းတာ ရိပေါ်မမှားဘူးထင်ပါရဲ့။

"ဘေဘီ"

ရိပေါ် အခန်းထဲဝင်လာပြီး အိပ်ယာပေါ်မှာအဝတ်တွေခေါက်နေသော ဘေဘီ့ကိုသွားဖက်လိုက်ပေမဲ့ရုန်းကာရှောင်ထွက်သွားသောကြောင့် စိတ်ဆိုးမပြေသေးဘူးဆိုတာ သိလိုက်ပါပြီ။

"ကျွတ်စ်~ကျွတ်စ်!ခေါင်းတွေမူးလိုက်တာ"

ထိုအခိုက်မှာ လှည့်ကြည့်လာသော ဘေဘီ့ကြောင့် ရိပေါ်ခိုးပြုံးလိုက်သည်။
စိတ်ထားကောင်းတဲ့ ဘေဘီက ချစ်ရတဲ့ ယောက်ျားဖြစ်သူကို ပစ်ထားနိုင်မှာတဲ့လား။

"ခေါင်းတွေမူးလွန်းလို့သေတော့မယ်ထင်တယ်....ရင်ဘတ်တွေလည်း အောင့်လာပြီ"

"ကျစ်!ဘာလုပ်ပေးရမှာလဲ ပြော"

"ခဏ ခဏလေး ဘေဘီဖက်ထားပေးပါ"

ဘေဘီ့မျက်နှာကစူအောင့်အောင့်နဲ့မကျေမနပ်ဖြစ်နေပေမဲ့လည်းရိပေါ်မရမကအတင်းဖက်ထားလိုက်ပြီးအင်္ကျီအောက်ခေါင်းအတင်းဝင်၍ပေါက်စလေးရှိနေသောဗိုက်လေးကို တစ်မွမွဖြင့်နမ်းနေလိုက်သည်။

"ပေါက်စလေးရေ ဒယ်ဒီအရမ်းခေါင်းတွေမူးနေတာကို ဒယ့်ဒီကို ဂရုမစိုက်ဘဲ ပစ်ထားကြတယ်ကွာ"

"ဘာလို့ကလေးကို ပေါက်ကရ ပြောနေတာလဲ....ဘယ်သူက ဂရုမစိုက်ဘဲ နေ,နေလို့လဲ"

ပါးစပ်ကပြောရင်း လက်မြန်တဲ့ဘေဘီက ရိပေါ်လက်မောင်းကို စိတ်ဆွဲလိုက်သေးရဲ့။

Hate,Regret,Revenge (ongoing)Donde viven las historias. Descúbrelo ahora