Episode(42)

2K 245 43
                                    

[Unicode]

"အားကျန့်...လာ ဖြည်းဖြည်း , ခိုက်မိမယ်"

ခြံထဲက ကားသံကြားသည်နှင့်ရှောင်းသခင်ကြီးက အိမ်အဝင်ဝကိုအမြန်သွားကာ ကားပေါ်က ဆင်းလာမည့် ရှောင်းကျန့်ကို ဂရုတစိုက်တွဲလို့ ခရီးဦးကြိုပြု၏။

ထို့နောက် ဝှီးချဲပေါ်တင်ပြီးသည့်အခါ နောက်ကရိပေါ်ကိုပင်ဂရုမစိုက်ဘဲ သူကိုယ်တိုင်တွန်းလို့ ဧည့်ခန်းဆီခေါ်သွားလေရဲ့။

"သက်သာရဲ့လား....လမ်းကိုပုံမှန်လျှောက်ပေး"

"သက်သာပါတယ် ပါးရဲ့...လက်က နည်းနည်းတောင်လှုပ်နိုင်နေပြီ"

"အခု အဲ့ဒီမှာနေရတာရော အဆင်ပြေရဲ့လား"

ဝမ်ရိပေါ်ကိုပင် ဂရုမစိုက်ဘဲ ရှောင်းသခင်ကြီးက ပေါ်တင်မေးလေ၏။

"အဆင်ပြေပါတယ် ပါးကလည်း"

"နောက်ထပ် ဒီလိုဖြစ်ရပ်မျိုး ဘယ်တော့မှထပ်မဖြစ်စေရပါဘူး"

သူ့အပြစ်သူ သိစွာ ဝမ်ရိပေါ်က ဒီတစ်ခါမှာတော့ ခေါင်းကိုငုံ့လို့ ရှောင်းသခင်ကြီးကို တောင်းပန်တိုးလျှိုဟန်ဖြင့် ဆိုလေသည်။

"နောက်တစ်ခါသာ ထပ်ဖြစ်လို့ကတော့ကွာ တောက်စ်!"

"ပါး~~~တော်ပါတော့"

ရှောင်းသခင်ကြီးရဲ့ဒေါသတွေကိုမြင်တဲ့အခါ ဝမ်ရိပေါ်ကလည်းလက်သီးကိုခပ်တင်းတင်းဆုပ်ထား၏။ရှောင်းကျန့်သာ ဒီနေရာမှာမရှိရင် သူလည်းပဲ ရှောင်းချန်မင်အပေါ်မကျေနပ်တာတွေ အော်ဟစ်ပြောဆိုပစ်မှာ။
ကလေးကို ဖျက်ချဖို့ ကြံစည်ခဲ့တာ ခဗျားမဟုတ်ဘူးလားဆိုပြီးတော့လေ။

ထိုအခိုက်မှာ ရိပေါ်အတွေးထဲဖျတ်ခနဲဝင်လာသည့် အကြောင်းအရာက ဆရာဝန်ပြောဖူးတဲ့ ကလေးက နဂိုကတည်းက ကိုယ်ဝန်ဖျက်ချတဲ့ဆေးကြောင့် ပျက်ကျပြီးသားဆိုတာပဲ။
အဲ့ဒါဆို ရှောင်းချန်မင်က!

ထိုအတွေးကြောင့် ချက်ချင်းပင် ရိပေါ်မျက်လုံးတွေ စူးရဲသွားသည်။ဒီလောက် ရှောင်းကျန့်ကို ဂရုစိုက်ပြီး ရှောင်းအိမ်တော်ကိုမလွှတ်ခဲ့တာတောင် ဘယ်အချိန်များ ဒီလိုလုပ်လိုက်တာလဲ။

Hate,Regret,Revenge (ongoing)Where stories live. Discover now