Episode(18)

3.2K 292 90
                                    

[Unicode]

"ဟဲလို"

"သားကျန့်အိမ်လာခဲ့အုံးလေ...ဒီနေ့ကျောင်းပိတ်တယ်မလား"

"ဟုတ်ကဲ့ပါး သားလာခဲ့မယ်နော်"

နံနက်စောစောဖုန်းပြောနေသည့် ရှောင်းကျန့်ရဲ့အသံကြောင့် ရိပေါ်ကတော့ တစ်ဖက်ကိုလှည့်လို့ အိပ်ချင်ယောင်ဆောင်နေလေပြီ။

မဟုတ်ရင် အခုချိန် ကိုယ်နိုးနေတာများ သိသွားကြည့်ပါ့လား လူကို နှုတ်ခမ်းကြီးစူ ၊  မျက်လုံးရွဲကြီးတွေနဲ့ကြည့်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့ ရိပေါ်လို့ သံရှည်ဆွဲခေါ်ပြီး သူ့ပါးဆီလိုက်ပို့ခိုင်းတော့မှာ။

အခုတလော ကိုယ်က အရင်လို ခပ်စိမ်းစိမ်းမနေပဲ ချိုသာနေတော့ အဲ့ဟာလေးက ကိုယ့်ကိုမကြောက်တော့ပဲ ရောင့်တက်နေတာ။
ပြီးတော့ လိုချင်တာရှိရင် လူကို မရမက ချွဲတော့တာပဲ။
နည်းနည်းတော့ ချစ်ဖို့ကောင်းသား။

အရင်တုန်းက မာနကြီးတဲ့ သခင်လေးရှောင်းက ဘယ်ရောက်သွားပါလိမ့်။

သူနဲ့ရင်းနှီးတဲ့လူတွေရှေ့မှာမှ ရှောင်းကျန့်ရဲ့ အဲ့ဒီပုံစံက ပေါ်လာတာများလား။

အဲ့ဒီလိုဆို ရှောင်းကျန့် သူငယ်ချင်းဆိုတဲ့ကောင်တွေက သူ့ထပ်အရင် ရှောင်းကျန့်ရဲ့ချစ်စရာကောင်းမှုကို မြင်တွေ့ပြီးကြပြီပေါ့။

အိုက်ယား!!ရင်တွေပူလိုက်တာ!
ခံစားချက်တွေသိပ်မကောင်းတော့ဘူး။

"ရိပေါ်"

နောက်ကနေ ရိပေါ် ကျောပြင်ကြီးကို လက်ညှိုးဖြင့်ထိုးနေပေမဲ့ ရိပေါ်က တုတ်တုတ်မျှမလှုပ်။

ရှောင်းကျန့်မှာစိတ်ရှိတိုင်းသာဆိုတစ်ယောက်တည်းသွားလိုက်ချင်ပေမဲ့ရိပေါ်ရဲ့အပြင်မထွက်ရဘူးဆိုတဲ့အမိန့်ကြောင့် သိပ်ကိုစိတ်ညစ်ရပါသည်။

အချိန်ကမစောတော့ဘူးလေ။
ရိပေါ် ရေချိုး ၊ နံနက်စာစားပြီးမှ လိုက်ပို့မည်ဆိုလျှင် ရှောင်းအိမ်တော်ကို နေ့လည်မှသာရောက်လိမ့်မည်။
ပါးပါးက မျှော်နေတော့မှာ။

ပြီးတော့ရိပေါ်ကပါးပါးနဲ့မတည့်တာမို့ရှောင်းအိမ်တော်ကိုသွားသည့်အခါ ရိပေါ်ကိုမခေါ်ချင်ပေ။

Hate,Regret,Revenge (ongoing)Where stories live. Discover now