Episode(32)

2.4K 250 33
                                    

[Unicode]

ကျွီ !

"အဲ့ဒါဘယ်က ပြန်လာတာလဲ"

အခန်းတံခါးဖွင့်ဖွင့်ချင်းကြားလိုက်ရတဲ့အသံစူးစူးကြောင့် ရိပေါ်မှာလန့်သွားမိတာအမှန်ပင်။

သူအပြင်သွားသခိုက်မှာဘေဘီမနိုးလောက်သေးဘူးထင်ပေမဲ့ အခုတော့ ဘေဘီက ရေတောင်ချိုးပြီးလို့ bathrobeလေးဝတ်ထားပြီး မှန်ရှေ့ကနေ ရိပေါ်ကို စူးစူးရဲရဲလှမ်းကြည့်နေတာ။

"အလုပ်ကိစ္စရှိလို့ အပြင်ခဏသွားတာပါ ဘေဘီရဲ့"

အနားကိုသွားပြီး ခါးလေးကိုဆွဲဖက်လိုက်ပေမဲ့ ရုန်းဖယ်သွားသောကြောင့် ရိပေါ် သဘောတကျပြုံးလိုက်မိသည်။
ဒါလေးက စိတ်ကောက်နေတဲ့သဘောလား။

"ပါးစပ်ဟ"

"ဟမ်"

"ဟလေ"

ရိပေါ် နည်းနည်းကြောင်သွားရပေမဲ့ ချစ်ရသူအလိုကျ ပါးစပ်ဟပေးလိုက်တော့ တစ်ရှုံ့ရှုံ့လုပ်ရင်း ဗိုက်ကို လိမ်ဆွဲလာသဖြင့် မျက်လုံးပြူးသွားရသည်။

"အာ့! ဘေဘီ မောင် နာတယ်လေ"

"ပါးစပ်ကလည်း ဝိုင်နံ့တွေရတယ် ပြီးတော့ မင်းဆီက ချိုချိုအီအီရေမွှေးနံ့လည်းရတယ် ပြော! ဘယ်သွားပြီး ပြန်လာတာလဲ ဝမ်ရိပေါ်"

ပါးစပ်ကလည်းပြောရင်း ရှောင်းကျန့်က အားပါပါဖြင့်ရိပေါ်ဗိုက်ကိုထပ်မံလိမ်ဆွဲနေပြန်၏။

"ပြော!ပြောလို့!ငါ့ကိုတစ်ယောက်ထဲထားခဲ့ပြီး ဘယ်သွားနေတာလဲလို့!!"

စိတ်ကလည်းကြီးပါ့။
ရိပေါ်ရင်ဘတ်တွေကို ထုရိုက်နေလိုက်တာ လက်နုနုလေးလေးနာသွားမှာတောင်စိုးရိမ်မိသား။

"အလုပ်ကိစ္စပြီးတော့သူတို့ကတိုက်တာနဲ့နည်းနည်းသောက်မိတာပါ...ရေမွှေးနံ့ကလည်းလူအများနဲ့ဆိုတော့လေ...ဘေဘီရာ မောင့်ကို ယုံပါနော်"

ထိုအခါမှဟုတ်ရဲ့လားဆိုသည့်အကြည့်ဖြင့်ကြည့်လာကာရိပေါ်ကိုလွှတ်ပေးလိုက်ပြီး နှာမှုတ်သွားသေးသည်။

"အိပ်ယာနိုး,နိုးချင်း ဘေးမှာ မင်းကမရှိတော့ ဘယ်လောက်လန့်သွားတယ် ထင်လဲ ဟင့်~"

Hate,Regret,Revenge (ongoing)Where stories live. Discover now