Episode(27)

2.7K 251 99
                                    

[Unicode]

"စိတ်ကျရောဂါ....ရှောင်းကျန့်ကစိတ်ကျရောဂါခံစားခဲ့ရတာပဲ...အဟင်း!အဲ့ဒီလိုဆိုတော့လည်း အဲ့ဒီရောဂါပြန်ရအောင်လုပ်ပြီး တစ်ဖြည်းဖြည်းညှဉ်းဆဲပေးရတာပေါ့"

အသိဆရာဝန်ဆီမှ မထင်မှတ်ဘဲ သိခဲ့ရသော ရှောင်းကျန့်ရဲ့အကြောင်းက ရှောင်းကျန့်ကို ပြန်ပြီး ဒုက္ခပေးနိုင်တော့မှာမို့ သိပ်ကိုပျော်နေမိသည်။
သူမသိပ်ကို ကံကောင်းလွန်းတယ်ထင်ပါရဲ့။

အဲ့ဒီကောင်ကို တစ်ခါတည်း လက်စဖျောက်ပစ်ချင်ပေမဲ့ အခွင့်မသာသေးတာမို့ ဒီလိုနည်းလမ်းတွေနဲ့ပဲ ညှဉ်းဆဲရအုံးမည်။
.
.
.
"ဟဲလို"

"ညနေ xxx hotel ရှေ့လာခဲ့...ငါနဲ့ရိပေါ် အတူဝင်သွားတဲ့အချိန်ကျရင်ဓာတ်ပုံရိုက်ထားလိုက်...ပြီးရင်ထုံးစံအတိုင်း ရှောင်းကျန့်ဆီပို့လိုက်"

"ကျစ်!ဟုတ်ပြီ"

ဲဒီလိုကိစ္စမျိုးကို တစ်ခြားသူအား ခိုင်းလျှင် ရပေမဲ့ ရှောင်းကျန့် သူငယ်ချင်းအရင်းကြီးကို ခိုင်းရတာပိုပြီးအဆင်ပြေသည်။

ဒီနေ့ညဖြစ်မဲ့ကိစ္စတွေအတွက်ဟွေ့ဇီရန်ရဲ့နှုတ်ခမ်းတွေကတော့ ကျေနပ်စွာ တွန့်ကွေးလို့။
ဖြစ်နိုင်ရင်ရိပေါ်ကိုပါတစ်ခါတည်းအပိုင်သိမ်းပစ်လိုက်မည်။

"ရိပေါ်ကို ဘယ်လိုပါအောင်ခေါ်မလဲ"

"ဟက်!လွယ်ပါတယ်...ငါU.Sကိုပြန်တော့မှာမလို့သူငယ်ချင်းတွေနဲ့နှုတ်ဆက်ပွဲပါတီလုပ်မှာဆိုပြီး ခေါ်လိုက်မှာပေါ့...ပြီးရင်ရိပေါ်ကိုဆေးခပ်လိုက်မယ်"

ဟွေ့ဇီရန်ကသူငယ်ချင်းဖြစ်တဲ့သူ့(လျှိုမင်)ကိုယုံကြည်ပြီးအကုန်ပြောပြနေပုံပါပဲ။ဘယ်လိုလုပ်မလဲ လျိုမင်က ဟွေ့ဇီရန်သူများနဲ့ဖြစ်မဲ့ကိစ္စကို လက်ခံမယ်ထင်နေတာလား။

"အဲ့ဒီလိုကဘယ်လိုလုပ်အဆင်ပြေပါ့မလဲ...ပါတီလုပ်ပါတယ်ဆို ဟောက်ရွှမ်းနဲ့ယွီပင်းကိုရော ခေါ်မှအဆင်ပြေမှာပေါ့...ရိပေါ်တစ်ယောက်တည်းနဲ့မဖြစ်ဘူးလေ"

ထိုအချက်ကို စဉ်းစားမိသွားသည့် ဟွေ့ဇီရန်က မကျေနပ်သလို စုပ်သပ်လိုက်ပြီး ချက်ချင်းပဲ အကြောင်းအရာတစ်ခုကိုစဉ်းစားမိပြီးသည့်နောက် နှုတ်ခမ်းတွေဟာ ကျေနပ်စွာ ပြုံးယောင်သမ်းသွားခဲ့သည်။

Hate,Regret,Revenge (ongoing)Where stories live. Discover now