Episode(13)

2.5K 296 65
                                    

[Unicode]

"မြန်မြန်စား ပြီးရင် ဝမ်အိမ်တော်ကိုသွားမယ်...မင်းရဲ့ ပါးကိုလည်း ဝမ်အိမ်တော်ကိုလာဖို့ခေါ်လိုက်"

နံနက်စာကို တို့ကနန်းဆိတ်ကနန်း စားနေတဲ့ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့စကားကြောင့် အရည်လဲ့နေတဲ့မျက်ဝန်းတွေဖြင့်ကြည့်လာသည်။

"မင်းကိုငါကခိုးပြေးတာဆိုတော့ငါတို့လက်ထပ်စာချုပ်မှာလက်မှတ်ထိုးပြီး ဝမ်အိမ်တော်မှာဘဲနေကြမှာ"

"ငါစားလို့ပြီးပြီ...ပါးကို ဝမ်အိမ်တော်ကိုမခေါ်နဲ့ ငါကိုယ်တိုင်ရှောင်းအိမ်တော်မှာသွားတွေ့မယ်"

ပါးပါးသာ ဝမ်အိမ်တော်ကိုလာရင် သူနဲ့မတည့်တဲ့လူတွေရှေ့မှာ သားဖြစ်သူ ယောက်ျားယူတာနဲ့ပတ်သတ်ပြီး ဘယ်လောက်တောင်ရှက်နေလိုက်မလဲ။

ဂုဏ်သိက္ခာကိုအလေးထားပြီး မာနကြီးတဲ့ ပါးပါးကို သူ့(ရှောင်းကျန့်)ကြောင့်နှင့် အထိခိုက်မခံနိုင်ပါ။

ပြီးတော့ ပါးပါးက ဝမ်မိသားစုကိုမုန်းနေတာမို့ ဒီကိစ္စကြောင့် ပြဿနာဖြစ်သွားနိုင်တယ်။

"မင်းရဲ့ပါးကို ဝင်တွေ့ချင်တယ်ဆိုလည်း ငါလိုက်ပို့မယ်...ဟက်!ငါနဲ့လက်မထပ်ချင်ဘူးလို့တော့ တွေးမနေနဲ့နော်"

"...."

"မင်းသာ ငါ့ကိုလက်မထပ်ရင် ရှောင်းမိသားစုကို ဒုက္ခပေးပြီးဖျက်ဆီးပစ်မယ်လို့ပြောပြီးသားနော်...သြော် ပြီးတော့ အဲ့ဒီထပ်အရေးကြီးတာက ငါတို့ sex ဖြစ်တဲ့ဟာကို videoရိုက်ထားပြီးသား အချိန်မရွေးလိုင်းပေါ်တင်ပစ်လို့ရတယ်"

"ဝမ်ရိပေါ်! ! မင်း~မင်းဘာလို့ အဲ့ဒီလောက်ထိ"

ရှောင်းကျန့်မှာစကားပင်ဆက်မပြောနိုင်ဘဲ မယုံကြည်နိုင်သောမျက်ဝန်းတွေဖြင့် ဝမ်ရိပေါ်ကိုကြည့်လာလေသည်။
ဝမ်ရိပေါ်ကိုအဲ့ဒီလောက်ထိကောက်ကျစ်တတ်တဲ့လူမှန်းမသိခဲ့ဘူး။

သူသာ ဒီကိစ္စကို လက်မခံရင် အဲ့ဒီvideoက!

အတွေးနဲ့တင် ရှောင်းကျန့်မှာ ရူးချင်လာသည်။

"အဲ့ဒီvideoကိုပြန်ဖျက်ပေး ဝမ်ရိပေါ်!!ဘာလို့ အဲ့ဒီလောက်ထိ လုပ်ရတာလဲ!!"

Hate,Regret,Revenge (ongoing)Unde poveștirile trăiesc. Descoperă acum