Episode(53)

2.1K 247 37
                                    

[Unicode]

"ရှောင်းအိမ်တော်မှာ ဒီလို အခန်းရှိတာ အခုမှပဲ သိတော့တယ်"

ရှောင်းကျန့်ကကျေနပ်စွာရေရွတ်ရင်းအခန်းတံခါးကိုဖွင့်လိုက်ပြီးအထဲရောက်သည်နှင့်မီးခလုတ်ကိုပါဖွင့်လိုက်သည်။ထို့နောက် အခုထိ သတိရသေးပုံမပေါ်တဲ့ ဝမ်သခင်မကြီးကိုကြည့်၍ နှုတ်ခမ်းတွန့်ကာပြုံးလိုက်ပြီး
ဝမ်သခင်မကြီးထိုင်နေသည့်ခုံကို ခြေထောက်ဖြင့်ကန်ချလိုက်လေရဲ့။

ထိုအခါ ဝုန်းခနဲမြည်သံနှင့်အတူ ဝမ်သခင်မကြီးပါ လဲကျသွားပြီးနောက် ပြူးပြူးပြာပြာဖြစ်သွားကာ သတိရလာပြီး ထဖို့ကြိုးစားပေမဲ့ သူမလက်တွေကို ခုံနှင့်တွဲချည်ထားခြင်းခံရသဖြင့် ထ၍မရချေ။
သူမ,မျက်နှာမှာလည်းကြမ်းပြင်နှင့်ရိုက်ခတ်မိမှုကြောင့်
နီရဲကာ နာကျင်နေရ၏။

"ရှောင်း ! ရှောင်းကျန့် !"

သူမကိုယ်သူမ,ဘာဖြစ်နေသလဲဆိုတာနားမလည်နိုင်ဖြစ်နေရင်းမှ ရှောင်းကျန့်ကို တွေ့လိုက်ရသည့်အခါ လွန်စွာတုန်လှုပ်သွားဟန်။

ဘယ်လိုဖြစ်ပြီး ရှောင်းကျန့်ဖြစ်နေရတာလဲ။
ညကဘဲ သူမကို ဝမ်အိမ်တော်ရဲ့တောင်းဆိုမှုကြောင့် အကျယ်ချုပ်ချမယ်ဆိုပြီး ခေါ်လာတာမို့ သူမမှာ ဝမ်းသာခဲ့ရတာ။

ထို့နောက် ကားပေါ်ရောက်ပြီးပြီးချင်းမှာပဲ သူမရဲ့ခေါင်းကိုတစ်ယောက်ယောက်ကရိုက်လိုက်ပြီးနောက် အခြေအနေတွေကဘာဖြစ်သွားသလဲဆိုတာ သူမ, မသိတော့။အခုတော့ ကြမ်းပြင်ပေါ်ကိုကျပြီး နာကျင်မှုကြောင့်သာ သတိရခဲ့တာ။
ဒါတွေရဲ့တရားခံက ရှောင်းကျန့်ဖြစ်နေခဲ့တာလား။

"မင်း ငါ့ကို ဒီလိုလုပ်တာ သားဝမ်သာ သိလို့ကတော့ မင်းကို ဒီတိုင်းထားမယ်ထင်နေလား...ဘာလဲ ငါ့ကို ဝမ်အိမ်တော်က အကျယ်ချုပ်ပဲ ချမယ်လို့ပြောတဲ့သတင်းကြားလို့ ဖမ်းခေါ်ခဲ့တာလား ဟမ်!ငါ့ကိုလွှတ်ပေးစမ်း!!"

"ဒီအခြေအနေရောက်နေတာတောင်လေသံကမာနိုင်သေးတယ်ပေါ့ ဟုတ်လား...တစ်ကယ်ဆို ဒီအချိန်က ခဗျားကို မသတ်ဖို့တောင်းဆိုရမဲ့အချိန်နော်"

"..."

"ဟက်!ဘာတဲ့ ဝမ်အိမ်တော်က ခဗျားကို အကျယ်ချုပ်ချမယ်ပေါ့...ရယ်စရာပဲ ! သူတို့စိတ်ထဲမှာ ရွံစရာကောင်းတဲ့ ခဗျားဆိုတာ မရှိတော့ဘူး သိလား"

Hate,Regret,Revenge (ongoing)Where stories live. Discover now