Chapter 203

751 69 0
                                    

Chapter 203 : သတိတရားကင်းမဲ့ခြင်း

ဦးလေးကန်သည် ဝိုင်ကိုရရှိပြီးသည့်နောက်တွင် သူ့ စိတ်ထဲရှိ ဝန်ထုပ်ကြီးတစ်ခုကို ပစ်ချလိုက်ရသလို ခံစားလိုက်ရသည်။ မကြာမီမှာပင် အဖိုးကြီး၏ ဤဝိုင်အပေါ်ထားသည့် အချစ်သည် အကြောင်းမဲ့မဟုတ်ကြောင်း သူ သဘောပေါက်သွား၏။

ကျင်းယွင်ကျောင်း၏ အိမ်မှ ထွက်လာပြီးနောက် ဦးလေးကန်သည် သူ့ ကားထဲသို့ ဝင်လိုက်ပြီး ဂရုတစိုက်ဖြင့် ဝိုင်တစ်ငုံ သောက်လိုက်သည်။ တစ်ငုံတည်းဖြင့်ပင် သူ့ ကိုယ်တွင်းရှိ ဆာလောင်မှုများက မြင့်တက်လာသလိုပင်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အဖိုးအို၏အိမ်သို့ ပြန်ရောက်လာခဲ့သော်လည်း ဝိုင်နှစ်ပုလင်းသာ ကျန်တော့သည်။

ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ဝိုင်ပုလင်းနှစ်ဆယ်ကို ယွီထျန်းရှန်းသို့ ကိုယ်တိုင်ကိုယ်ကျ သွားပို့ခဲ့၏။

စက်ရုံသည် ဝိုင်ပထမအသုတ်ကို ချက်လုပ်ရန် သုံးလခန့်ကြာမြင့်မည် ဖြစ်၏။ ဤမတိုင်မီတွင် ကုမ္ပဏီ၏ အရောင်းမြှင့်တင်ရေးအတွက် နမူနာများနှင့် ရောင်းချမှုများအတွက်ကိုမူ သူမ၏နေရာလွတ်နယ်မြေမှသာ အားလုံးထောက်ပံ့ပေးသွားမည် ဖြစ်သည်။ စင်စစ် နေရာလွတ်နယ်မြေထဲရှိ အချိန်သည် အစစ်အမှန်ဘဝထက် ပိုမြန်သောကြောင့် ၎င်းက အချိန်အများကြီး မကုန်ပေ။

သို့ရာတွင် နေရာလွတ်နယ်မြေကို အသုံးပြုသည့် ဆိုးကျိုးများမှာ ထုတ်လုပ်နိုင်သည့် ပမာဏက အကန့်အသတ်ရှိခြင်း ဖြစ်သည်။ ထို့ကြောင့် ဤသုံးလအတွင်းတွင် သူမနှင့် ပိုင်ယွီအန်း၏ ပန်းတိုင်သည် စျေးကွက်ထဲ၌ ကျောက်စိမ်းဝိညာဥ်ဝိုင်၏ ဂုဏ်သတင်း တိုးတက်လာစေရန်သာ ဖြစ်၏။

ယွီထျန်းရှန်း၏ အတွင်းထဲ၌ ဝင်ထွက်နေကြသော ဧည့်သည့်များမှာ တည်ငြိမ်နေသော ရေစီးလိုပင်။ စီးပွားရေးက တစ်ဟုန်ထိုး တိုးတက်လာသည်။

ကျင်းယွင်ကျောင်း နေ့စဥ် ပို့ပေးရသော ပါဝင်ပစ္စည်းအရေအတွက်သည်လည်း ယခင်ကနှင့် ယှဥ်ပါက နှစ်ဆထက်ပင် ကျော်နေသေး၏။

"သခင်လေးလီက မင်းမှာ သတိတရားမရှိဘူးလို့ ပြောတာ၊ သူပြောတာ မှန်တဲ့ပုံပဲ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Tempat cerita menjadi hidup. Temukan sekarang