Chapter 218

1K 82 0
                                    

Chapter 218 : ချစ်ရပါသော ကျောင်းအာ

ချောင်ဟုန်ယဲ့ ကျောင်းထွက်သွားပြီးကတည်းက ကျင်းယွင်ကျောင်း၏ မကောင်းသတင်း အတော်များများသည်လည်း ပျောက်ကွယ်သွား၍ လက်တွေ့ ၌ မည်သူကမှ အစမဖော်ရဲကြတော့ပေ။ သူမ၏အဆင့်များက ကောင်း၍ အမူအကျင့်ကလည်း ကောင်းမွန်သည်။ များသောအားဖြင့် သူတို့အတန်းတံခါးဝ၌ ကျောင်းသားအချို့ အမြဲတမ်း ပေါ်လာတတ်သော်လည်း လက်တစ်ဆုပ်စာကသာ မျက်နှာပြောင်တိုက်၍ သူတို့၏ရည်းစားစာများကို အမှန်တကယ် ပေးရဲကြ၏။

ကျင်းယွင်ကျောင်းသည် သတိလက်လွတ်ဖြင့် စာနှင့် မနက်စာကို စားပွဲပေါ်သို့ တင်လိုက်မိသည်။ သူမ အချိန်မီ မတုံ့ပြန်လိုက်နိုင်မီမှာပင် သူမ၏ဘေးတွင် ထိုင်နေသော ရှောင်ဟိုင်ချင်းက စာကို မြင်သွားပြီး ဆတ်ခနဲ ဆွဲယူသွားလေ၏။

"ဝိုး...ယွင်ကျောင်း၊ စန်းပွင့်လိုက်တာ။ ကျောင်း ပထမဆုံးရက်မှာတင် နင်က ရည်းစားစာရပြီးနေပြီ။ ဒီကောင်က နင့်ကို ကြိတ်ကြိုက်နေတာ အတော်လေးကြာနေပြီဆိုတာ အသေအချာပဲ။"

ရှောင်ဟိုင်ချင်းက အော်လိုက်သည်။

သူမသည် ရည်ရွယ်ချက်ရှိရှိ လုပ်နေခြင်းဖြစ်၍ သူမ၏အဓိကရည်ရွယ်ချက်မှာ ကျင်းယွင်ကျောင်း၏ ရှက်သွေးဖြာနေသော အမူအယာကို မြင်ရစေရန်ဖြစ်၏။

သို့သော် မမျှော်လင့်ဘဲ ကျင်းယွင်ကျောင်းက ရှောင်ဟိုင်ချင်းအား မျက်ခုံးတစ်ဖက်သာ ပင့်ပြလိုက်သည်။ ဤကိစ္စက သူမနှင့် မဆိုင်သည့်အလား အလွန်ပင် တည်ငြိမ်လှ၏။

"နင် တစ်ခုခုများ မှားနေတာလား။ ရည်းစားစာရတာကို မပျော်ဘူးလား။ ငါတော့ မကြာခင် နင်ရဲ့လိင်အမျိုးအစားနဲ့ပတ်သတ်ပြီး သံသယဝင်မိတော့မယ်နော်။"

ရှောင်ဟိုင်ချင်းက အံ့အားသင့်စွာ မေးလိုက်သည်။

သူမသည်လည်း ယခင်က ရည်းစားစာများ ရခဲ့ဖူးသည်၊ သို့သော် ရှက်တတ်သော ကောင်လေးများမှာ သူမအား မချဥ်းကပ်ရဲသောကြောင့် အများစုမှာ လူဆိုးလေးများ ရေးသည့် ရည်းစားစာများသာဖြစ်သည်။ သူမသည် ကူးစက်ရောဂါပိုးတစ်မျိုးဖြစ်သောကြောင့် သို့မဟုတ် သူမ ဒေါသထွက်သောအခါ သူတို့အား ရိုက်မည်ကို ကြောက်သောကြောင့် ဖြစ်နိုင်၏။ လက်သီးနှင့် တစ်ချက်အထိုးခံနိုင်သူများကသာ သူမအပေါ် သူတို့၏ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဝန်ခံရဲကြသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now