Chapter 200

994 91 0
                                    

Chapter 200 : အရည်အချင်းပြည့်မီသော အောင်နိုင်သူ

နာမည်ကျဆင်းသွားရသည့် လူများစွာရှိသော်လည်း မတော်မဆဖြစ်ရပ်ကြောင့် ခက်ခက်ခဲခဲ ကြိုးစားအားထုတ်စရာ မလိုဘဲ ဂုဏ်သတင်း မြင့်တက်သွားသူများလည်း ရှိသည်။

ကျင်းယွင်ကျောင်းသည် အသက်မပြည့်သေးသောကြောင့် သူမ၏ အထောက်အထားကို ဖုံးကွယ်ရန်အတွက် ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည့် ဗီဒီယိုထဲတွင် သူမ၏ မျက်နှာကို ဝါးထားခဲ့၏။ သို့ရာတွင် ၎င်းက အင်တာနက်အသုံးပြုသူများ၏ သိချင်စိတ်ကို မဟန့်တားနိုင်ပေ။

ဤအသက်အရွယ်တွင် လှပသော မိန်းကလေးမြောက်မြားစွာ ရှိသော်လည်း ဟိတ်ဟန်ရှိသောအရှိန်အဝါနှင့် လူများကမူ ရှားပါးလှ၏။ သူတို့သည် စခရင်တစ်ခုခြားနေသော်လည်း ထိုမိန်းကလေး ထုတ်လွှတ်နေသော အေးစက်စက်လေထုကို ခံစားနိုင်သေးသည်။ သူမ၏ အားကောင်း၍ ပဲ့တင်ထပ်နေသော အသံနှင့် သူမပြောသော စကားလုံးတိုင်းမှ ဟန့်တားနိုင်သော ဖိအားသည် မယုံနိုင်လောက်အောင်ပင် ထိုးဖောက်သွား၏။ ၎င်းက တီဗီဇာတ်လမ်းတွဲတစ်ခုကို စောင့်ကြည့်ရသည်ထက်ပင် ပို၍ စိတ်ဝင်စားစရာကောင်းသေးသည်။

ကျင်းယွင်ကျောင်း၏ ဒါရိုက်တာလျို့အား လွင့်ထွက်သွားစေသော ရက်စက်လှသည့် ပတ်လည်ကန်ချက် အခိုက်အတန့်သည် အင်တာနက် သုံးစွဲသူများကြားတွင် ထိပ်ဆုံးဆွေးနွေးမှုများထဲမှ တစ်ခုဖြစ်လာ၏။

ဗီဒီယိုအား အင်တာနက်ပေါ်သို့ တင်ပြီးကတည်းက ကန်မိသားစု၏ သူငယ်ချင်းများနှင့် မိသားစုဝင်များသည် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားကြသည်။ ကန်မိသားစု၌ ဤကဲ့သို့ လုပ်ရည်ကိုင်ရည်ရှိသည့် မြေးမ နောက်ထပ်တစ်ယောက် ရုတ်တရက် ရှိလာခြင်းအား သူတို့ မည်သို့ လုံးလုံးလျားလျား မျက်နှာလွှဲခဲပစ် လုပ်နိုင်မည်နည်း။ အရေးအကြီးဆုံးမှာ ဤမြေးမလေးသည် စီနီယာ သမားတော်ကြီးများအားလုံးကိုပင် မှင်သက်သွားစေခဲ့သည့် ဆေးပညာအတွက် ဘုရားကပေးသော ဝမ်းတွင်း လက်ဆောင်မွန်တစ်ခုပါ ရှိနေခဲ့သည်။

နှစ်ရက်ကြာပြီးနောက်တွင် ကန်စုန့်ပိုင်သည် ဆေးရုံမှ ထွက်ရန် ဖိအားပေးခံခဲ့ရသောကြောင့် ဒေါသထွက်နေခဲ့သော်လည်း သူ၏ ပတ်ဝန်းကျင်မှ လူများက တစ်ယောက်ပြီးတစ်ယောက် လာရောက်ကာ ဤကဲ့သို့ အရည်အချင်းပြည့်မီသော အောင်နိုင်သူတစ်ယောက်ကို ရှာတွေ့ခဲ့ခြင်းကြောင့် ဂုဏ်ပြုစကားဆိုကြရာ မကျေနပ်ချက်များပပျောက်ကွယ်သွားတော့၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2जहाँ कहानियाँ रहती हैं। अभी खोजें