Chapter 212

702 70 0
                                    

Chapter 212 : သူတို့ မင်းကို ကောင်းကောင်း ဆက်ဆံရဲ့လား

ရှန်းကျင်သည် နင်းမြို့တော်၌ နှစ်ပေါင်းနှစ်ဆယ်ကျော် နေထိုင်လာခဲ့သဖြင့် နေရာဒေသနှင့် ရင်းနှီးသည်။ ထို့ကြောင့် သူမက ကျင်းယွင်ကျောင်းအား နာမည်ကြီးစားသောက်ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင်သွား၏။ ထိုဆိုင်သည် တိတ်ဆိတ်၍ လှပသပ်ရပ်သောကြောင့် အတော်လေး ရိုမန့်တစ်ဆန်သည်။

"ယွင်ကျောင်း၊ မင်း ဒီမှာ စာသင်ဖို့ ဆုံးဖြတ်ပြီးပြီလား။ ငါတို့ ကုမ္ပဏီရဲ့တိုးတက်မှုက ပိုကောင်းသထက် ကောင်းလာရင် မင်း ဒီနင်းမြို့တော်မှ ရှိနေတာက ကုမ္ပဏီရဲ့အနာဂတ်ဖွံ့ဖြိုးတက်ရေးကို ဆွေးနွေးဖို့ ပိုလွယ်တယ်လေ။ ဒါ့အပြင် နင်းမြို့တော်မှာ မင်း ရနိုင်တဲ့ ပညာရေးကလည်း ဟွားနင်ခရိုင်နဲ့ ယှဥ်ရင် အများကြီး ပိုအဆင်မြင့်တယ်။ အဲဒါအပြင်လည်း ဟွားနင်ခရိုင်မှာ မင်း တွယ်တာရမယ့်သူလည်း မရှိဘူးမလား"

ရှန်းကျင်က ကောင်းသောရည်ရွယ်ချက်ဖြင့် အကြံပေးလာ၏။

ကျင်းယွင်ကျောင်းက ခပ်ဖွဖွ ရယ်လိုက်သည်။

"ဒီနင်းမြို့တော်မှာ ရှင်တို့ရှိနေတာနဲ့တင် လုံလောက်ပါပြီ။ တကယ်လို့ အရေးကြီးကိစ္စတစ်ခုခုရှိရင်လည်း ရှင် ကျွန်မကို ဖုန်းခေါ်လိုက်ရုံပဲလေ။ အဆင်ပြေပါတယ်"

နင်းမြို့တော်သို့ ပြောင်းရွေ့ခြင်းက သေချာပေါက် ကောင်းမွန်သော အကြံဉာဏ်ဖြစ်သော်လည်း ဟွားနင်ခရိုင်မြို့၌ သူမ မထားရစ်ခဲ့နိုင်သူများ ရှိနေသေး၏။

အဖိုးကန်၊ အဖိုးရှု၊ ရှောင်ဟိုင်ချင်းနှင့် စူးချူ ... သူတို့နှင့် သိကျွမ်းခဲ့ရခြင်းက ဤဘဝ၌ သူမ ကြုံတွေ့ခဲ့ရသမျှတွင် အကောင်းမွန်ဆုံးသော အရာပင်။ သူမက ကျောင်းစာအဆင့်များကိုတော့ လုံးဝမစိုးရိမ်မိခဲ့ပေ။

သင့်လျော်သော ပညာသင်ကြားရေးရပ်ဝန်းတစ်ခုက အရေးကြီးသော်လည်း လူတစ်ယောက်၏ အကျင့်စရိုက်ကသာ အရေးအကြီးဆုံးဖြစ်သည်။ မည်သည့်ရပ်ဝန်း၌ ပညာသင်ကြားရသည်ဖြစ်စေ သူမသည် ရမှတ်ကောင်းများရရှိနိုင်လိမ့်မည်ဟု သူမကိုယ်သူမ ယုံကြည်ထား၏။ သို့မဟုတ်လျှင် သူမ ပြန်လည်မွေးဖွားလာရခြင်းက ဘာအဓိပ္ပါယ်မှမရှိ ဖြစ်နေလိမ့်မည် မဟုတ်လား။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now