Chapter 214

709 69 0
                                    

Chapter 214 : လက်တိုလက်တောင်းခိုင်းသည့် မိန်းကလေး

ရှန်းကျင်သည် နင်းမြို့တော်နှင့် ဝေးကွာနေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သောကြောင့် ဤနေရာ၌ မည်သည့်သူငယ်ချင်းမှလည်း မရှိတော့ပေ။ သူမ၏ သူငယ်ချင်းဟောင်း အချို့ဆိုလျှင် သူမကိုပင် မေ့နေကြပြီဖြစ်သည်။

"ဒါရိုက်တာရှန်း၊ ရှင် ဘာလို့ ဒီလောက်တောင် မေ့တတ်ရတာလဲ"

အမျိုးသမီးက နှစ်လိုဖွယ်ကောင်းစွာ ပြုံးပြလိုက်၏။

"ကျွန်မ အရင်နေ့တုန်းက သတင်းဆောင်းပါးတစ်ပုဒ် တွေ့လိုက်လို့၊ ဒါရိုက်တာချင် ဒေဝါလီခံလိုက်ရတယ်ဆိုတာလေ။ အစက ကျွန်မ ဒါကို မယုံပေမယ့် နောက်ကျ အွန်လိုင်းမှာ ပို့စ်တွေ တွေ့လိုက်တာ။ အဲဒီပို့စ်တွေထဲမှာ ဒါရိုက်တာချင်က တကယ့်ကို လုံးလုံးလျားလျား ပြောင်းလဲသွားတာပဲ။ ကျွန်မဖြင့် သူ့ကို မမှတ်မိလောက်အောင်ပဲ"

ထိုအမျိုးသမီးသည် စကားပြောရင်း သနားသည့် အမူအယာကို ထုတ်ပြလာပြီး ...

"ဒါရိုက်တာရှန်း၊ အရင်တုန်းက ကျွန်မတို့ ရှင့်ကို အရမ်းအားကျခဲ့ကြတာ။ ရှင့်မှာ မိသားစုပိုင် စီးပွားရေးလုပ်ငန်းကြီးအပြင် အနားမှာလည်း အမြဲတမ်း ဝတ္တရားကျေတဲ့ ခင်ပွန်းတစ်ယောက်လည်း ရှိတာကို။ နောက်ပိုင်း ရှင် အလုပ်ထွက်ပြီး အိမ်မှာနေတော့လည်း ကျွန်မတို့က ရှင်, ရှင့်ဘဝမှာ ပျော်နေတယ်လို့ပဲဘတွေးနေကြတာ။ ဒီလိုမျိုး လူ့အရေခြုံထားတဲ့ တိရိစ္ဆာန်ကောင် ဒါရိုက်တာချင်က ရှင့်ကို အနိုင်ကျင့်နှိပ်စက်နေမယ်လို့ ဘယ်သူသိမှာလဲ"

ထိုအမျိုးသမီးသည် 'ဒါရိုက်တာရှန်း' ဟု ဆက်တိုက်ခေါ်ဝေါ်သုံးနှုန်းနေသဖြင့် နောက်ဆုံး၌ ရှန်းကျင်သည် သူမ မည်သူမည်ဝါဖြစ်ကြောင်း သတိရသွားသည်။

"မင်းက ရှောင်လျို့လား"

ရှန်းကျင်က ခန့်မှန်းကြည့်လိုက်၏။

"ဘာ ရှောင်လျို့လဲ။ ဒါရိုက်တာရှန်း၊ ကျွန်မမှာ နာမည်ရှိတယ်။ လျို့သန်းချင်းတဲ့၊ ရှင် ကျွန်မကို မစ္စလျို့ ဒါမှမဟုတ် သန်းချင်းလို့ ခေါ်လို့ရတယ်။ ဒါပေမယ့် ရှောင်လျို့လို့တော့ ဆက်မခေါ်ပါနဲ့။ ရှင်ပြောပုံက ကျွန်မက ရှင့်ရဲ့လက်တိုလက်တောင်းခိုင်းတဲ့ မိန်းကလေးလိုပဲ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now